ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ ကန္႔သတ္ခ်က္အား ပယ္ဖ်က္ရန္ ညႇိႏိႈင္း သေဘာတူ

ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ ကန္႔သတ္ခ်က္အား ပယ္ဖ်က္ရန္ ညႇိႏိႈင္း သေဘာတူ
ဇန်နဝါရီ 5, 2016
By Tachileik News Agency

ရထားပို႔ေဆာင္ေရးဝန္ႀကီးဌာနက ေမာ္ေတာ္ယာဥ္ ဥပေဒ ပုဒ္မ ၄၀ ပုဒ္မခြဲ (က)အရ ျပည္ပမွ တင္သြင္းသည့္ ေမာ္ေတာ္ယာဥ္ အမ်ိဳးအစား ကန္႔သတ္ခ်က္အား ဇန္နဝါရီလ ၅ ရက္ေန႔က ညိႇႏိႈင္း သေဘာ တူညီခ်က္အရ ဘယ္ေမာင္းမူဝါဒကို ဖ်က္သိမ္းရန္ သေဘာတူလိုက္ေၾကာင္း သိရသည္။

“လက္ရိွေတာ့ အခက္အခဲျဖစ္ေနတဲ့ ကိစၥေတြ အားလံုးအတြက္ ညိႇႏိႈင္းသေဘာတူခဲ့ပါၿပီ။ မနက္ျဖန္ေလာက္မွာ ႏို္င္ငံေတာ္သမၼတရံုးကို စာတင္ပါမယ္။ လက္ရိွေတာ့ Brand New က လြဲလို႔ က်န္တာ အားလံုး ဘယ္ေမာင္းေရာ ညာေမာင္းေရာ တင္သြင္းခြင့္ျပဳထားပါတယ္..”ဟု ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်သူမ်ား အသင္း ဥကၠဌ ေဒါက္တာစိုးထြန္းက ဆိုသည္။

၂၀၁၆ ခုႏွစ္ ဇန္နဝါရီလ ၅ရက္ေန႔ ေန႔လယ္ ၁နာရီက စီးပြားကူးသန္းရံုး အစည္းအေဝးခန္းမတြင္ ၂၀၁၆ခုႏွစ္ ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ဆိုင္ ရာမူဝါဒကို ေဆြးေႏြး ညႇိႏႈိင္းသေဘာတူခဲ့ျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

အဆိုပါ သေဘာတူညီခ်က္အရ ဒီဇင္ဘာလ ၂၃ ရက္က ထုတ္ျပန္လိုက္သည့္ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ ကန္႔သတ္ခ်က္အား ျပင္ဆင္လိုက္ၿပီး ၂၀၀၃ ၊၂၀၀၄ ၊၂၀၀၅ ေမာ္ဒယ္မ်ားကိုပါ ျပန္လည္တင္သြင္းခြင့္ႏွင့္ ဘယ္ေမာင္းတမ်ိဳးထဲ တင္သြင္းခြင့္ျပဳမည့္ မူဝါဒကိုပါ ျပန္လည္ ပယ္ဖ်က္ေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဇီးကြက္စိန္
*****************

( unicode )

ရထားပို့ဆောင်ရေးဝန်ကြီးဌာနက မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၄၀ ပုဒ်မခွဲ (က)အရ ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ် အမျိုးအစား ကန့်သတ်ချက်အား ဇန်နဝါရီလ ၅ ရက်နေ့က ညှိနှိုင်း သဘော တူညီချက်အရ ဘယ်မောင်းမူဝါဒကို ဖျက်သိမ်းရန် သဘောတူလိုက်ကြောင်း သိရသည်။

“လက်ရှိတော့ အခက်အခဲဖြစ်နေတဲ့ ကိစ္စတွေ အားလုံးအတွက် ညှိနှိုင်းသဘောတူခဲ့ပါပြီ။ မနက်ဖြန်လောက်မှာ နို်င်ငံတော်သမ္မတရုံးကို စာတင်ပါမယ်။ လက်ရှိတော့ Brand New က လွဲလို့ ကျန်တာ အားလုံး ဘယ်မောင်းရော ညာမောင်းရော တင်သွင်းခွင့်ပြုထားပါတယ်..”ဟု မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူများ အသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ နေ့လယ် ၁နာရီက စီးပွားကူးသန်းရုံး အစည်းအဝေးခန်းမတွင် ၂၀၁၆ခုနှစ် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင် ရာမူဝါဒကို ဆွေးနွေး ညှိနှိုင်းသဘောတူခဲ့ခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

အဆိုပါ သဘောတူညီချက်အရ ဒီဇင်ဘာလ ၂၃ ရက်က ထုတ်ပြန်လိုက်သည့် မော်တော်ယာဉ်တင်သွင်းခွင့် ကန့်သတ်ချက်အား ပြင်ဆင်လိုက်ပြီး ၂၀၀၃၊၂၀၀၄၊၂၀၀၅ မော်ဒယ်များကိုပါ ပြန်လည်တင်သွင်းခွင့်နှင့် ဘယ်မောင်းတမျိုးထဲ တင်သွင်းခွင့်ပြုမည့် မူဝါဒကိုပါ ပြန်လည် ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဇီးကွက်စိန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~