၂၀၁၅ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် လွှတ်တော်နေရာအတွက် ၀င်ရောက် ရွေးချယ်ခံကြသည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလများ အနက် ပြည်ခိုင်ဖြိုးပါတီမှ လူဦးရေ အများဆုံး ရှမ်းပြည်နယ်လွှတ်တော်တွင် နေရာရရှိပြီး၊ ပါတီအသီးသီးမှ ပြည်နယ်လွှတ်တော်၌ ကိုယ်စားလှယ် စုစုပေါင်း (၁၀၃)ဦး ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် မဲဆန္ဒနယ် အသီးသီးမှ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ မှ (၁)ဦး၊ တအောင်း(ပလောင်)အမျိုးသားပါတီ မှ (၇)ဦး၊ တစ်သီးပုဂဿဂလ (၁)ဦး၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ မှ (၆)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ (၃၂)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မှ (၂၄)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ (၁)ဦး၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ (၂)ဦး၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ) မှ (၁)ဦး၊ ဝ' ဒီမိုကရက်တစ် ပါတီ မှ (၂)ဦး၊ ၀' အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီ မှ (၁)ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ (၂၄)ဦး နှင့် အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ (၁)ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၁၀၃)ဦးရှိပြီး ထိုအထဲမှ ၀န်ကြီးချုပ်နေရာကို ရွေးချယ်မှာ ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗမာတိုင်းရင်းသား နေရာကို လည်းကောင်း၊ ကချင်တိုင်းရင်းသား နေရာအတွက် တစ်သီးပုဂ္ဂလ ဦးဇုတ်ဒေါင်မှ လည်းကောင်း၊ လီဆူ တိုင်းရင်းသား နေရာကို လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ လည်းကောင်း၊ လားဟူ တိုင်းရင်းသား နေရာအား လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လည်းကောင်း၊ အာခါ တိုင်းရင်းသား နေရာအား အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လည်းကောင်း၊ အင်းသား တိုင်းရင်းသား နှင့် ကယန်း (ခ) ပဒေါင် တိုင်းရင်းသား နေရာတို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လည်းကောင်း အသီးသီးရရှိသည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်လောင်း အများဆုံးအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ (၃၂)ဦးရှိပြီး ဒုတိယအများဆုံးမှာ NLD မှ (၂၄)ဦး၊ ကျားခေါင်းပါတီမှ (၂၄)ဦး ရှိသည်။