မြန်မာနိုင်ငံ၏ (၈)ခုမြောက် တရားဝင် သတင်းအေဂျင်စီအဖြစ် တာချီလိတ်သတင်းအေဂျင်စီ ( Tachileik News Agency )အမည်နှင့် သတင်းများကို နေ့စဉ်တင်ဆက်ပေးသွားပါမည်

မြန်မာနိုင်ငံ၏ (၈)ခုမြောက် တရားဝင် သတင်းအေဂျင်စီအဖြစ် တာချီလိတ်သတင်းအေဂျင်စီ ( Tachileik News Agency )အမည်နှင့် သတင်းများကို နေ့စဉ်တင်ဆက်ပေးသွားပါမည်
ဧပြီ 17, 2015
By Tachileik News Agency

၂၀၀၉ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့က "တာချီလိတ်အွန်လိုင်း စာမျက်နှာ" အမည်ဖြင့် အမည်ပေးကာ သတင်းများကို စတင်ခဲ့ပြီး၊ ၂၀၁၃ခုနှစ် မတ်လ(၂၉)ရက်နေ့မှာ တာချီလိတ်အွန်လိုင်း သတင်း ( Tachileik Online News )အမည်သို့ ပြောင်းလဲကာ သတင်းများကို နေ့စဉ် ဖော်ပြပေးနေလျက် ရှိသည့် နည်းတူ ၂၀၁၅ခုနှစ် မတ်လအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြန်ကြားရေး ၀န်ကြီးဌာနသို့ တာချီလိတ်သတင်းအေဂျင်စီ ( Tachileik News Agency )အမည်ဖြင့် တရားဝင်မှတ်ပုံတင် အမှတ်(၀၀၀၀၈)ဖြင့် ခွင့်ပြုချက်ရရှိကာ မြန်မာနိုင်ငံ၏ (၈)ခုမြောက် တရားဝင် သတင်းအေဂျင်စီအဖြစ် ဆက်လက်၍ ကြိုးစားပြီး သတင်းများကို နေ့စဉ်တင်ပေးသွားမှာဖြစ်ကြောင်း တာချီလိတ်အွန်လိုင်း၏ ပရိသတ်များအား မြန်မာ့နှစ်သစ်ကူး မင်္ဂလာသတင်းအဖြစ် အသိပေး လိုက်ပါသည်။

လက်ရှိတွင် တာချီလိတ်ခရိုင်၊ တာချီလိတ် သတင်းများကို တင်ဆက်ပေးနေလျက်ရှိပြီး ဆက်လက်၍လည်း တာချီလိတ်ခရိုင်အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှတည် ရှမ်းပြည်နယ် အရှေ့/တောင်/မြောက်ပိုင်းများသို့ ဖြန့်ကျက်ကာ သတင်းများ ရယူပြီး နေ့စဉ်သတင်းများကို တင်ဆက်ပေးသွားရန် အစီအစဉ်များ ရှိပါသည်။

( ပြန်ကြားရေးဝန်ကြီးဌာနမှ တာချီလိတ်သတင်းအေဂျင်စီ အမည်ဖြင့် အသိအမှတ်ပြု လက်မှတ် )

တာချီလိတ်သတင်းများနှင့် ရှမ်းပြည်နယ်အတွင်း သတင်းတိုများကိုလည်း မိုဘိုင်းဖုန်းအသုံးပြုသူများထံသို့ စာတိုစနစ်ဖြင့် ပို့ပေးသည့် သတင်းဝန်ဆောင်မှုကိုလည်း ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါသည်။

တာချီလိတ်အွန်လိုင်းသတင်း အမည်မှ တာချီလိတ်သတင်းအေဂျင်စီ အမည်သို့ ပြောင်းလဲသွားသော်လည်း ယခင်က တင်ဆက်ခဲ့သတင်း အခန်းကဏ္ဍများအတိုင်း တင်ဆက်ပေးသွားမှာဖြစ်ပြီး၊ တိုးချဲ့မှုများကိုလည်း အသိပေးကြေညာသွားမှာ ဖြစ်ပါသည်။

သတင်းကိစ္စဖြစ်စေ၊ ကြော်ငြာကဏ္ဍအရဖြစ်စေဆက်သွယ်လိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါသည်။

ဆက်သွယ်ရန်
~~~~~~
Tachileik News Agency
Myanmar;(+95) 09450046600
Thai; (+66) 0992976429