(၄)ကြိမ်မြောက် မှု့ခင်းကင်းစင်ရက်သတ္တပတ် စီမံချက်အဖြစ် မကာဟိုခမ်းရပ်ကွက်တွင် ပြုလုပ်

(၄)ကြိမ်မြောက် မှု့ခင်းကင်းစင်ရက်သတ္တပတ် စီမံချက်အဖြစ် မကာဟိုခမ်းရပ်ကွက်တွင် ပြုလုပ်
စက်တင်ဘာ 8, 2012
By Tachileik News Agency

တာချီလိတ်မြို့နယ် ရပ်ကွက်များအတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်အဖြစ် ၂၀၁၂ခုနှစ် ဇူလိုင်(၁၀)ရက်နေ့မှစ၍ ပြုလုပ်နေလျက်ရှိရာ ယခုအကြိမ်သည် စတုတ္တအကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။

မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်ရဲ့ စတုတ္တမြောက်အဖြစ် မကာဟိုခမ်းရပ်ကွက် တွင် စက်တင်ဘာ(၈)ရက်နေ့မှ စက်တင်ဘာ(၁၄)ရက်နေ့ထိ ပြုလုပ်မည်ဖြစ်သည်။

ယခု မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်၏ တွေ့ဆုံဆွေးနွေးဟောပြောပွဲ အခမ်းအနားသို့ လူကုန်ကူးမှုတားဆီးနိမ်နင်းရေးအဖွဲ့မှ ဒုရဲမှူး ယဉ်ယဉ်အေး၊ မြို့နယ် စခန်းမှူး ရဲအုပ် အောင်ဇင်၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ ဒုရဲအုပ် ရွှေလင်း၊ မြို့နယ်လ၀ကမှ ဒုလ၀ကမှူး စိန်လင်း၊ နယ်ထိန်းတပ်ဖွဲ့မှ တပ်ကြပ်ကြီး အောင်စိုးမိုး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးစိုင်းခမ်းသြ နှင့် မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ပြည်သူ့စစ်များ အပါအ၀င် ရပ်ကွက်အတွင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ၎င်းတို့မှ ရပ်ကွက်အတွင်းပြည်သူများအနေဖြင့် သိသင့် ရှောင်သင့်သည့်အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။ ဟောပြောမှုများအပြီးတွင် လူမှောင်ခိုကူးခြင်းနှင့်ပတ်သက်၍ သိသင့်သည့် လက်ကမ်းစာရွက်များကို အခမ်းအနားသို့ တက်ရောက်လာသူများအား ပေးဝေခဲ့ကြသည်။

မှု့ခင်းကင်းစင်ရက်သတ္တပတ် စီမံချက်ပြုလုပ်ခဲ့ပြီးသော ရပ်ကွက်များမှာ

  • ( ၁ ) ၀မ်ကောင်းရပ်ကွက်
  • ( ၂ ) ပုန်းထွန်ရပ်ကွက်
  • ( ၃ ) တာလော့ရပ်ကွက်

(၄)ကြိမ်မြောက်မှာ ယခုစီမံချက်တွင် ပါဝင်သည့် မကာဟိုခမ်းရပ်ကွက်ဖြစ်ပါသည်။

ပုံများကို ကြည့်ရန်