I Love Myanmar နှင့်အတူ အဆိုတော် ထူးအယ်လင်းတို့ တာချီလိတ်သို့ လာရောက် လှူဒါန်းသော အာခါနှစ်ခြင်းဘုရားကျောင်း ( ၃ )ကျောင်း

I Love Myanmar နှင့်အတူ အဆိုတော် ထူးအယ်လင်းတို့ တာချီလိတ်သို့ လာရောက် လှူဒါန်းသော အာခါနှစ်ခြင်းဘုရားကျောင်း ( ၃ )ကျောင်း
ဇွန် 17, 2012
By Tachileik News Agency
လွန်ခဲ့သော တစ်နှစ်ကျော်ရဲ့ (၂၄.၃.၂၀၁၁)ည၌ လှုပ်ခတ်သွားသော အင်အားကြီးငလျင်ဒဏ်ကြောင့် တာလေမြို့နယ်ခွဲတွင် အဆောက်အဦများ ပြိုလဲပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။ ထို့နောက်တွင် သက်ဆိုင်ရာဌာနအသီးသီးနှင့် ဒေသခံလူများဖြင့် ပြန်လည်တည်ထောင်ရေးများ ဆက်လက် လုပ်ကိုင်နေလျှက်ရှိရာ i Love Myanmar မိသားစုမှ တာချီလိတ်သို့ လာရောက်၍ ဆောက်လုပ်လှူဒါန်းထားသော အာခါနှစ်ခြင်းဘုရားကျောင်း (၃)ကျောင်းကို ၁၆.၆.၂၀၁၂ နှင့် ၁၇.၆.၂၀၁၂ တို့တွင် ဒေသဆိုင်ရာဌာနအသီးသီးမှ လူကြီးမင်းများအပါအ၀င် တာဝန်ရှိသူများနှင့် ဖွင့်လှစ်ခဲ့ကြသည်။

i Love Myanmar မိသားစုမှ ဆောက်လုပ်လှူဒါန်းထားသော အာခါနှစ်ခြင်းဘုရားကျောင်းဖွင့်ပွဲ၏ ပထမနေ့( ၁၆.၆.၂၀၁၂)တွင် တာချီလိတ်မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ၊ တာချီလိတ် စည်ပင်ဗိုလ်မှူး ဦးကိုကို အပြင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူပေါင်း၍ i Love Myanmar မိသားစုတို့မှ ထိုဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

၁၆.၆.၂၀၁၂ တွင် တာချီလိတ်မြို့ ရန်ကုန်ကျေးရွာတွင် အာခါနှစ်ခြင်းဘုရားကျောင်းကို ဖွင့်လှစ်ခဲ့သည်။

i Love Myanmar မိသားစုအနေဖြင့် ဘုရားကျောင်း(၃)ကျောင်း ဆောက်လုပ်လှူဒါန်းသည်ဖြင့်ရာ ၁၆.၆.၂၀၁၂ တွင် ဘုရားကျောင်း(၁)ကျောင်းကိုဖွင့်လှစ်ခဲ့ပြီး ၁၇.၆.၂၀၁၂တွင် ဘုရားကျောင်း(၂)ကျောင်းကို တစ်နေ့တည်းဖွင့်လှစ်ပေးခဲ့သည်။

၁၇.၆.၂၀၁၂ တွင်ပြုလုပ်သော အာခါနှစ်ခြင်းဘုရားကျောင်း(၂)ကျောင်းဖွင့်ပွဲကို လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ၊ တာချီလိတ် စည်ပင်ဗိုလ်မှူး ဦးကိုကို အပြင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူပေါင်း၍ i Love Myanmar မိသားစုတို့မှ ထိုဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

၁၇.၆.၂၀၁၂ နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု လောတာရွာရှိ အာခါနှစ်ခြင်းဘုရားကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက်မှာတော့ လောတာရွာအနီးမှ ပန်အန်ရွာ၌ တည်ဆောက်ထားသော အာခါနှစ်ခြင်းဘုရားကျောင်းကို ဖွင့်လှစ်ပေးခဲ့ကြသည်။

လောတာရွာတွင်နေထိုင်ကြသော ကျေးရွာသူ ကျေးရွာသားများဖြစ်ကြသည့် အာခါတိုင်းရင်းသားဦးရေ( ၁၃၀ ) ကျော်ရှိပြီး ပန်အန်ရွာ၌ အာခါတိုင်းရင်းသားများအပါအ၀င် လူဦးရေ ( ၂၈၀ )ကျော်ရှိကြောင်းသိရသည်။

{ရန်ကုန်ကျေးရွာတွင် အာခါနှစ်ခြင်းဘုရားကျောင်းအားဖွင့်လှစ်ခြင်း}
{လောတာကျေးရွာတွင် အာခါနှစ်ခြင်းဘုရားကျောင်းအားဖွင့်လှစ်ခြင်း}
{ပန်အန်ကျေးရွာတွင် အာခါနှစ်ခြင်းဘုရားကျောင်းအားဖွင့်လှစ်ခြင်း}
{အခမ်းအနားသို့ တက်ရောက်လာကြသူများ}
{ အဆိုတော် ထူးအယ်လင်းမှ ဓမ္မသီချင်းသီဆိုနေစဉ်}
ထိုဖွင့်ပွဲသို့ ရန်ကုန်မှ i Love Myanmar မိသားစု နှင့်အတူ အဆိုတော် ထူးအယ်လင်း လိုက်ပါလာခဲ့ပြီး အခမ်းအနားဖွင့်ပွဲတစ်လျှောက်တွင် ဓမ္မသီချင်းကို ဂစ်တာတီး၍ သီဆို ၀တ်ပြုခဲ့သည်။ ထို့အပြင် MRTV မှ ရိုက်ကူးရေးအဖွဲ့ဝင်များလည်း လိုက်ပါလာခဲ့ကြသည်။ ၎င်းတို့သည် ၁၈.၆.၂၀၁၂တွင် တာချီလိတ်မြို့မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်ဟု သိရပါသည်။

i Love Myanmar ရဲ့ လုပ်ဆောင်ချက်များနှင့် i Love Myanmar အကြောင်းကို သိလိုပါက ၎င်းတို့၏ Facebook တွင် သွားရောက်လေ့လာနိုင်သည်။
Facebook
: www.facebook.com/ilovemyanmar

ပုံများကို ကြည့်လိုပါက အောက်တွင်နိပ်ပါ

တာချီလိတ် အွန်လိုင်းစာမျက်နှာ
www.tachileik.net