"၀" တိုင်းရင်းသားလူငယ်များအဖွဲ့မှကျင်းပသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂေါက်သီးရိုက်ပြိုင်ပွဲ

"၀" တိုင်းရင်းသားလူငယ်များအဖွဲ့မှကျင်းပသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂေါက်သီးရိုက်ပြိုင်ပွဲ
ဇွန် 23, 2012
By Tachileik News Agency
၂၆.၆.၂၀၁၂ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၃.၆.၂၀၁၂ နံနက်(၆)နာရီ(၃၀)မိနစ်မှစ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ရီဂျီးနားဂေါက်ကွင်းတွင် ဂေါက်သီးရိုက်ဝါသနာရှင်များ ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပကြသည်။

ထိုပြိုင်ပွဲကို "၀" တိုင်းရင်းသားလူငယ်များအဖွဲ့မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအခမ်းအနားအဖွင့်အား တာချီလိတ်မြို့ (အခြေချ)စစ်ဗျူဟာမှူးကြီးခင်မောင်စိုး ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့် အခြားဌာနဆိုင်ရာများမှ ဂေါက်သီးရိုက်ဝါသနာရှင်လူကြီးမင်းများ နှင့် "၀" တိုင်းရင်းသားလူငယ်များ အဖွဲ့တို့နှင့်အတူ ဂေါက်သီးရိုက်ဖွင့်လှစ်ခဲ့ကြသည်။


ယနေ့ကျင်းပပြုလုပ်သော ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုရရှိသူများကို တာချီလိတ်မြို့ရှိ မဲခေါင်မြစ်(ကိုးထပ်)ဟိုတယ်တွင် ဆုပေးမှာဖြစ်ပြီး ညစာစားပွဲနှင့်အတူ ဧည့်ခံမည်ဖြစ်ကြောင်းသိရပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net