ဦးထွန်းရွှေ အပါအ၀င် အဖွဲ့ဝင်(၁၃)ဦးအား ကြိုဆိုပွဲ နှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနား

ဦးထွန်းရွှေ အပါအ၀င် အဖွဲ့ဝင်(၁၃)ဦးအား ကြိုဆိုပွဲ နှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနား
မေ 1, 2012
By Tachileik News Agency

၁.၅.၂၀၁၂ အင်္ဂါနေ့ နံနက် ( ၇:၅၀)တွင် ရွှေတြိဂံစစ်ဌာနချုပ်၊ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်လာသော ဦးထွန်းရွှေ အပါအ၀င် အဖွဲ့ဝင်(၁၃)ဦးအား ကြိုဆိုပွဲ နှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကို ခမရ(၃၅၉)တပ်နယ် ရိပ်သာတွင် အောက်ပါ အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
  • (က) အလင်းဝင်ရောက်လာသူ ဦးထွန်းရွှေအပါအ၀င်(၁၃)ဦးအား ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ (အခြေချ)စစ်ဗျူဟာမှူးကြီး ခင်မောင်စိုး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာချီလိတ်မြို့နယ် ဒုရဲမှူး သိန်းထွန်းဦးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တပ်မိသားစုဝင်များမှ ကြိုဆိုခြင်း၊
  • (ခ) အလင်းဝင်ရောက်လာသူ ဦးထွန်းရွှေမှ စစ်ဗျူဟာမှူးထံ လက်နက်အပ်နှံခြင်း
  • (ဂ) စစ်ဗျူဟာမှူးမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း
  • (ဃ) ဦးထွန်းရွှေမှ အလင်းဝင်ရောက်ရခြင်းအကြောင်း ဆွေးနွေးခြင်း
  • (င) စစ်ဗျူဟာမှူးမှ ဦးထွန်းရွှေနှင့် အဖွဲ့အား ထောက်ပံ့ပေးငွေ ( ၅ )သိန်းကျပ် ထောက်ပံ့ပေးခြင်း
  • (စ) တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးထွန်းရွှေနှင့်အဖွဲ့အား ထောက်ပံ့ငွေ ( ၅ )သိန်းကျပ် ထောက်ပံ့ပေးခြင်း

တို့ကို ပြုလုပ်ခဲ့ကြပြီး အခမ်းအနားသို့ လူအင်အား(၃၀၀)ခန့် တက်ရောက်ခဲ့ကြပြီး နံနက် (၈:၂၀) တွင် အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိပါသည်။

ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net