၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ နှင့် ကျောင်းများအတွက် လှူဒါန်းခြင်းအခမ်းအနား

၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ နှင့် ကျောင်းများအတွက် လှူဒါန်းခြင်းအခမ်းအနား
မေ 30, 2012
By Tachileik News Agency
၃၀.၅.၂၀၁၂ရက်နေ့ နံနက်(၉)နာရီတွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ရှမ်းပြည်နယ်စည်ပင်ဝန်ကြီးဦးတူးမောင် နှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့အပြင် ခရိုင်အုပ်ချူပ်ရေးမှူး၊ မြို့နယ်အုပ်ချူပ်ရေးမှူး စသည့် သက်ဆိုင်ရာဌာနအသီးသီးမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအစီအစဉ်ရ ရှမ်းပြည်နယ် စည်ပင်ဝန်ကြီးဦးတူးမောင်၊ အထက်မြန်မာပြည် အမှတ် ( ၂ ) အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဘုန်းကြွယ် နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဘက်ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့်တို့မှ ပညာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အမှာစကားအဖြစ်ပြောကြားခဲ့ကြသည်။

အမှာစကားပြောကြားရာ၌ (၃)ဦးလုံး၏ အမှာစကားများကို ကောက်နှုတ်ဖော်ပြရသော် မည်သည့်လုပ်ရပ် မျိုးဖြစ်စေကာမှု မီဒီယာများသည် မှန်ကန်ခြင်း နှင့် မြန်ဆန်မှု၌ သတင်းပြန့်မှုက မြန်ဆန်အားသာနေကြောင်း ထို့ကြောင့် ကျောင်း၌ အကြောင်းမဲ့အဖိုးအခများကို ကောက်ခံခြင်းမပြုစေရန်၊ အလှူခံခြင်းမပြုစေရန် အလှူရှင်များက လှူဒါန်းလိုပါက သိုသိုသိပ်သိပ်လက်မခံစေပဲ အခမ်းအနားဖြင့် လက်ခံပေးနိုင်ပါက ပို၍ ကောင်းမွန်ကြောင်းနှင့် ပညာရေး၌ ကလေးများရဲ့ ပညာရေးအတွက် တစ်ဦးချင်းစီ၏ အရည်အချင်းများကို စီစစ်ပေးနိုင်ဖို့အတွက် ဆောင်ရွက်ရန်လိုကြောင်း စသည့်ဖြင့် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

ထို့နောက် အခမ်းအနားအစီအစဉ်ရ .

  • အ.ထ.က(တာချီလိတ်)၊
  • အ.ထ.က(ဆန်ဆိုင်း)၊
  • အ.ထ.က(ခွဲ)ဟောင်လိတ်၊
  • အ.လ.က(ခွဲ)ပုန်းထွန်၊
  • အ.မ.က(တာလော့)

စသည့်ကျောင်းများအတွက် အလှူရှင်များမှ လှူဒါန်းသော စာရေးကရိယာများနှင့် အလှူငွေများကို တာချီလိတ်မြို့နယ်ပညာရေး ကော်မတီဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးရဲထူးမှ လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ပါသည်။









နံနက်(၁၁)နာရီဝန်းကျင်တွင် တာချီလိတ်မြို့နယ် ပညာရေးမှူး ဒေါ်ဌေးဌေးမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာပြီးစီးစေခဲ့ပါသည်။

အလှူရှင်များစာရင်း

  • ၁ အ.ထ.က(ဆန်ဆိုင်း) ---> ဦးသိန်းဝင်း ( လက်ကီးဘော့စ်မိတ္တူ )---> 200,000 ကျပ်
  • ၂ အ.ထ.က(ဆန်ဆိုင်း)---> ဦးမြင့်ထူး မိသားစု---> 100,000 ကျပ်
  • ၃ အ.ထ.က(ဆန်ဆိုင်း)---> ဦးထွန်းမြတ်ဝင်း မိသားစု---> 100,000 ကျပ်
  • ၄ အ.ထ.က(ဆန်ဆိုင်း)---> ဦးစိုင်းလာ မိသားစု---> 100,000 ကျပ်
  • ၅ အ.ထ.က(ဆန်ဆိုင်း)---> ဒေါ်လွင်ဖြိုးအိ မိသားစု---> 100,000 ကျပ်
  • ၆ အ.လ.က(ခွဲ)ပုန်းထွန်---> ဦးမြင့်ဌေး(စခန်းမှူး)+ဒေါ်သီတာအောင်---> 529,000 ကျပ်
  • ၇ အ.ထ.က(ခွဲ)ဟောင်လိတ်---> ကျောင်းအကျိုးတော်ဆောင်အဖွဲ့---> 1,164,000 ကျပ်
  • ၈ အ.ထ.က(ခွဲ)ဟောင်လိတ်---> ကျောင်းသားမိဘများ---> 158,000 ကျပ်
  • ၉ အ.မ.က(တာလော့)---> ကျောင်းအကျိုးတော်ဆောင်အဖွဲ့---> 800,000 ကျပ်
  • ၁၀ အ.မ.က(တာလော့) --->ဦးထွန်းနေဦး+ဒေါ်ခင်ခင်ချို( ဟိုတယ်တာချီလိတ်)---> 1,350,000 ကျပ်
  • ၁၁ အ.မ.က(တာလော့)---> ကျောင်းသားမိဘများ---> 80,000 ကျပ်
  • ၁၂ အ.မ.က(တာလော့) ---> ဦးစိုင်းယီရှဲန်---> 80,000 ကျပ်
  • ၁၃ အ.ထ.က(တာချီလိတ်)---> ကျောင်းအကျိုးတော်ဆောင်အဖွဲ့---> 500,000 ကျပ်
  • ၁၄ အ.ထ.က(တာချီလိတ်)---> ဦးထွန်းနေဦး+ဒေါ်ခင်ခင်ချို (ဟိုတယ်တာချီလိတ်)--->1,580,000 ကျပ်
  • ၁၅ အ.ထ.က(တာချီလိတ်)---> ဦးအောင်အောင်+ဒေါ်အားလမ် ပါလျှံ(၃)၊ အမိန်ရအပေါင်ဆိုင် 1,000,000 ကျပ်

စုစုပေါင်း စာဖြင့် ( ခုနှစ်ဆယ့်ရှစ်သိန်းလေးသောင်းတစ်ထောင် ) 7,841,000 ကျပ်တိတိ

ပုံများကို ပြည့်စုံစွာကြည့်လိုလျှင်

ကျေးဇူးတင်ပါသည်
တာချီလိတ်အွန်လိုင်း စာမျက်နှာ
www.tachileik.net