တာချီလိတ်မြို့တွင် စိတ်ကြွဆေးထုတ်လုပ်သည့် စက်အား ရှာဖွေတွေ့ရှိ

တာချီလိတ်မြို့တွင် စိတ်ကြွဆေးထုတ်လုပ်သည့် စက်အား ရှာဖွေတွေ့ရှိ
ဧပြီ 29, 2012
By Tachileik News Agency
တာချီလိတ်မြို့ရှိ မူးယစ်အထူးရဲတပ်ဖွဲ့မှ စိတ်နှင့်လူကို ပြောင်းလဲစေသော မူးယစ်ဆေးများကို အထူးနိမ်နင်းနေလျက်ရှိရာ ၂၉.၄.၂၀၁၂ နေ့လည်(၁၀)နာရီခန့်တွင် မူးယစ်အထူးရဲတပ်ဖွဲ့၊ မှုခင်းနိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ဟောင်လိတ်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်ရှိ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၀မ်ကျောက်လုံရွာ အနောက်ဖက်(၂)မိုင်ခန့်အကွာ၌ မူခင်းနှင့်ပတ်သက်၍ သတင်းရရှိထားသော ခြံဝင်းသို့ဝင်ရောက်ရှာဖွေခဲ့ရာ စိတ်နှင့်လူကို ပြောင်းလဲစေသော မူးယစ်ဆေးထုတ်လုပ်သည့် ပစ္စည်းကရိယာများကို အောက်ပါအတိုင်း သက်ဆိုင်ရာမှ တွေ့ရှိသိမ်းဆည်းရမိသည်။
  1. နေအိမ်အတွင်းခန်း၊ ၀ဲဘက်ထောင့်တွင် မြေကျင်းတူးလျှို့ဝှက်မြှပ်နှံထားသော စိတ်ကြွဆေးပြားထုပ်လုပ်သည့်(၁)လုံးထိုး စက်(၁)လုံး
  2. အခြောက်ခံစက်(၁)လုံး
  3. မွှေစက်(၁)လုံး
  4. WY စာတမ်းပါ မှို(၅)ခု၊
  5. စာတမ်းမပါ မှို (၄)ခု၊
  6. ကဖင်းဟုယူဆရသည့် အဖြူရောင်အမှုန့်(၁၀)ကီလိုပါ တစ်အိတ်
  7. စိတ်ကြွဆေးပြားပြုလုပ်ရန် အသင့်ရောစပ်ထားသည့် ပန်းရောင် ဆေးမှုန့်(၅၀၀)ဂရမ်ပါ(၁)ပုလင်း၊ (၇၅)ဂရမ်ပါ(၁)ဗူး၊
  8. ပန်းရောင် အနံ့ဓါတုဆိုးဆေးရည် (၂၀၀)မီလီလစ်တာပါ(၁)ပုလင်း၊
  9. အညိုရောင် အနံ့ဓါတုဆေးရည်(၂၀၀)မီလီလစ်တာပါ(၁)ပုလင်း
  10. အ၀ါရောင် အမွှေးရည်(၇၅)မီလီလစ်တာပါ(၁)ပုလင်း၊
  11. နီ/ညိုရောင်(၁၈၀)မီလီလစ်တာပါ အနံ့ဓါတုဆေးရည် (၁)ဗူး
  12. မြင်းကောင်ရေ(၀.၅) HPမော်တာ(၁)လုံး
  13. ဒန်ဗန်း/ဒန်ဇလုံ/ (၁)ခုစီနှင့် ချိန်ခွင်၂ခုအား ရှာဖွေသိမ်းဆည်းရမိသည်။
ရှာဖွေသိမ်းဆည်းရမိသည့် ပစ္စည်းနှင့်အတူ ဖမ်းဆီးရမိထားသော တရားခံအား သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်နေကြောင်း သိရှိရပါသည်။
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net