ဆရာတော် ရွှေဘို အရှင်သုမင်္ဂလ၏ (၃)ညတိုင်တိုင် တရားပွဲကျင်းပမည်

ဆရာတော် ရွှေဘို အရှင်သုမင်္ဂလ၏ (၃)ညတိုင်တိုင် တရားပွဲကျင်းပမည်
ဧပြီ 22, 2012
By Tachileik News Agency
23.4.2012 မှ 25.4.2012 (၃)ညတိုင်တိုင် အထိ ပါလျှံဘုရားကြီးကျောင်းတွင် ဆရာတော် ရွှေဘို အရှင်သုမင်္ဂလ သည် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားမှာဖြစ်ပါသည်။

ဆရာတော် ရွှေဘို အရှင်သုမင်္ဂလသည် ၂၃.၄.၂၀၁၂ ၌ တရားဟောကြားတော်မူရန်အတွက် ၂၂.၄.၂၀၁၂ (တနင်္ဂနွေနေ့)တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှတဆင့်ကြွရောက်လာပါသည်။


တရားပွဲအစီစဉ်

  • အချိန် ။ ညစဉ် (၇)နာရီ
  • နေ့ရက် ။ ၂၃/၂၄/၂၅.၄.၂၀၁၂
  • နေရာ ။ ရန်အောင်မြေ၊ ပါလျှံဘုရားကြီးကျောင်းတိုက်၊ တာချီလိတ်မြို့။
"တရားတစ်ပွဲ၏ တန်ဖိုးသည်"
စင်္ကြံဝဠာ တစ်ခုလုံးကို သံမံတလင်းခင်းလိုက်ပါ ဘုရားနှင့်ရဟန္တာများ အကြားမလပ်ထိုင်ခိုင်းပါ။ ပြီးလျှင် ဘ၀ဂ်အထိအမြှင့်ပြီးထပ်လိုက်ပါ။ ပြည့်သွားလျှင် ကြာသင်္ကန်းတစ်စုံစီလှူလိုက်ပါ။ အဲ့ဒီအလှူမျိုး (၂၅၆)ကြိမ်လှူမှသာ တရားတစ်ပွဲဟောပြောခြင်း ဖြစ်မြောက်ခြင်းနှင့် ညီမျှကြောင်း ဆရာတော်ကြီးများမှ ကျမ်းနှင့်အညီဟောပြောထားပါသည်။
{ပဋိစ္စသမုပ္ပါဒ်သင်တန်း အမှတ်စဉ် - ၅/၆/၇}
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net