တာချီလိတ်မြို့မှ Golden Cherry ဟိုတယ် ( ကြော်ငြာ )

တာချီလိတ်မြို့မှ Golden Cherry ဟိုတယ် ( ကြော်ငြာ )
ဇန်နဝါရီ 27, 2016
By Tachileik News Agency
ထိုင်း - မြန်မာ - လာအို သုံးနိုင်ငံ နယ်စပ်မြို့လေးတစ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ကုန်သည်များ စသည်တို့ သွားလာမှု များပြားလျှက်ရှိရာ  ခရီးတထောက် နားခိုလိုသည်ဖြစ်စေ၊ ညဖက် အိပ်စက်အနားယူလိုသည် ဖြစ်စေ တာချီလိတ်၌ ဈေးနှုန်းအသင့်တင့်ဖြင့် ကောင်းမွန်သော ဟိုတယ်တစ်ခုကို တာချီလိတ်သတင်းအေဂျင်စီမှ အွန်လိုင်းကြော်ငြာ ၀န်ဆောင်မှု အနေဖြင့် မိတ်ဆက်ပေးလိုက်ပါသည်။
တာချီလိတ်ရွှေတိဂုံစေတီတော်ကို ဖူးမြော်နိုင်ပြီး၊ မြို့မြင်ကွင်းကိုလည်း တွေ့မြင်ရနိုင်သလို အနီးအနား ၀န်းကျင်တွင် ကော်ဖီဆိုင်များရှိသည့် အပြင် ဂေါက်ကွင်းနှင့်လည်း နီးပြီး မြို့မဈေးနှင့် နီးသည့် ဟိုတယ်ကို ပြပါဆိုလျှင် "Golden Cherry Hotel"ကိုပဲ ပြရမှာဖြစ်ပါသည်။
"Golden Cherry Hotel"သည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အားကစားရုံလမ်း၌ တည်ရှိနေသော ဟိုတယ်တစ်ခုဖြစ်ပြီး ၀န်ဆောင်မှု ကောင်းမွန်သော ဟိုတယ်ဖြစ်သည့်အတွက် ဧည့်ဝတ်ကျေသည့်ဟိုတယ်ဟု ပြောလျှင် မမှားနိုင်ပါ။

"Golden Cherry Hotel"သည် အထပ်အနေဖြင့် (၇)ထပ်ဖြစ်ပြီး အခန်းပေါင်းမှာ အခန်း(၇၀)ရှိကြောင်း နှင့် တစ်ယောက်အိပ် အခန်းအား တစ်ညလျှင် (၇၀၀)ဘတ်၊ နှစ်ယောက်အခန်းအား ( ကုတင်နှစ်လုံး) တစ်ညလျှင် (၁၂၀၀)ဘတ် နှင့် မိသားစုအခန်းအား တစ်ညလျှင် (၂၀၀၀)ဘတ် သတ်မှတ်ထားရာ အခန်းတိုင်းတွင် လေအေးပေးစက်၊ TV နှင့် ရေခဲသေတ္တာ အစရှိသည်များ ပါဝင်တာကို တွေ့ရသည်။

"Golden Cherry Hotel"သည် တည်းခိုရန် တစ်ခုတည်းမဟုတ်ပဲ အစားအစာများနှင့် ပတ်သက်၍ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိသော ထိုင်း၊တရုတ်အစားအစာများကို လာရောက်တည်းခိုသူ ဧည့်သည်များအကြိုက် ဆောင်ရွက်စီမံပေးပြီး ဟိုတယ်သို့ လာရောက် တည်းခိုသည့် ဧည့်သည် မဟုတ်ဘဲ ပြင်ပဧည့်သည်များ အနေဖြင့်လည်း လာရောက် စားသောက်နိုင်ရန်အတွက် စီမံထားကြောင်းနှင့် စားပွဲများကို လူဦးရေ အရေအတွက်ဖြင့်လည်း ဆောင်ရွက်ပေးသည်။ 

 

{ Golden Cherry Hotel သီချင်း }

အထူးအစီအစဉ်
ဟိုတယ်သို့ လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် လွယ်ကူအဆင်ပြေစေရန် တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံ ချင်းရိုင်း၊ ချင်းမိုင် သို့ အလည်အပတ် သွားနိုင်ရန်အတွက်လည်း လက်မှတ်များကို ဈေးနှုန်းသက်သာစွာဖြင့် ၀န်ဆောင်မှုပေးလျှက်ရှိသည်။

{ Golden Cherry Hotel ၏ တည်နေရာ }

ယင်းအပြင် စီးပွါးရေးအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုန်ပစ္စည်းကြော်ငြာမှုများ စသည့်တို့အတွက် အစည်းအဝေး ခန်းမအဖြစ်လည်းကောင်း၊ မွေးနေ့ပွဲ၊ မင်္ဂလာပွဲအဖြစ် လည်းကောင်း ခန်းမကို အထူးစီစဉ်၍ ၀န်ဆောင်မှုပေးကြောင်းလည်း သိရသည်။
Golden Cherry Hotel တွင် မိတ်ဆွေတို့အနေဖြင့် အခန်းကြိုတင်မှာယူလိုသည်ဖြစ်စေ၊ ဧည့်ခံပွဲ သို့မဟုတ် အစည်းအဝေးပွဲအတွက် ခန်းမကြိုတင် စာရင်းပေးထားလိုသည်ဖြစ်စေ အောက်ပါ ဆက်သွယ်ရန် လိပ်စာနှင့် ဖုန်းနံပါတ်များတဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မှာ ဖြစ်ပါသည်။

Golden Cherry Hotel 
အားကစားရုံလမ်း၊ ဆန်ဆိုင်း(ခ)ရက်ကွက်၊
တာချီလိတ်မြို့၊
မြန်မာဖုန်း ။        ။ 084-52517 ၊ 08452701၊
ထိုင်းဖုန်း  ။         ။ 093-3067193၊ 0933067195
Email: [email protected]

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~1-2-2016.1-2-2017~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Flag Counter