မိုင်းလင်းသာသနာအုပ်စု နှစ်(၉၀)ပြည့် အထိမ်းအမှတ်အဖြစ် သုံးပါးတစ်ဆူဘုရားကျောင်းဆောင်သစ်အား ဖွင့်လှစ်

မိုင်းလင်းသာသနာအုပ်စု နှစ်(၉၀)ပြည့် အထိမ်းအမှတ်အဖြစ် သုံးပါးတစ်ဆူဘုရားကျောင်းဆောင်သစ်အား ဖွင့်လှစ်
မေ 26, 2013
By Tachileik News Agency

တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲတွင် မိုင်းလင်းသာသနာအုပ်စု နှစ်(၉၀)ပြည့် အထိမ်းအမှတ်အဖြစ် သုံးပါးတစ်ဆူဘုရားကျောင်းဆောင်သစ် ဖွင့်ပွဲကို မေလ(၂၆)ရက်နေ့ နံနက်(ရး၃၀)နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအဖြစ် ဖဲကြိုးဖြတ်ရာမှာ ကျိုင်းတုံကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော် ပီတာလွီးစ်ကျာခူ နှင့် အလှူရှင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အစီအစဉ်ပြီးသည့် နောက်ပိုင်းတွင် ရဟန်းသိက္ခာတင် မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ကြပြီး နံနက်(၁၀း၃၀)နာရီမှာ ရဟန်းသစ်အား ဂုဏ်ပြုခြင်းကို ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ နေ့လည်(၁၂)နာရီမှာ ဖိတ်ကြားထားသော ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များ ဂုဏ်ပြုမိတ်ဆုံစားပွဲကို ပြုလုပ်ခဲ့ကြပြီး အဆိုပါ ဘုရားကျောင်းအလှူရှင်များမှ ဌာနာဆိုင်ရာ အကြီးအကဲများအား အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ကြသည်။

ဘုရားကျောင်းရေစက်ချဖွင့်လှစ်ခြင်းကို ပြုလုပ်ကြရာ ဖွင့်ပွဲအခမ်းအနားသို့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦရှာမွေလရှဲန်၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ အပါအဝင် ဖိတ်ကြားထားသူ အများအပြား တက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရသည်။
ယခုဖွင့်လှစ်လိုက်သော ဘုရားကျောင်းသည် (၂၀၁၁)ခုနှစ်က လှုပ်ခတ်သွားခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဘုရားကျောင်းများအနက် တစ်ခုအပါအဝင်ဖြစ်ရာ တာချီလိတ်မြို့ ပါလျှံရပ်ကွက်နေ ဦးဖရန်စစ် စိုင်းထွန်းရီ နှင့် ဒေါ်မာဒါလေးနာ နန်းဝိုးကျန်တို့၏ မိသားစုဝင်များ အပါအဝင် အလှူရှင်များမှ စုပေါင်းကာ အသစ်ပြန်လည် ဆောက်လုပ် လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ကျောင်းဆောင်၏ အကျယ်အဝန်းမှာ (100x40)ပေရှိပြီး တန်ဖိုးငွေ ကျပ်သိန်းတစ်ထောင်ကျော်ကုန်ကျခံကာ ဆောက်လုပ်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။ ထို့အတူ အဆိုပါကျောင်းပြန်လည် တည်ဆောက်ရာတွင် ငလျင်ပြန်လည်ထူထောင်ရေးကော်မတီမှလည်း လိုအပ်သည့် ဘိလပ်မြေများ ကူညီထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရှိရသည်။ယခုဖွင့်လှစ်လိုက်သော ဘုရားကျောင်းသည် (၂၀၁၁)ခုနှစ်က လှုပ်ခတ်သွားခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဘုရားကျောင်းများအနက် တစ်ခုအပါအဝင်ဖြစ်ရာ တာချီလိတ်မြို့ ပါလျှံရပ်ကွက်နေ ဦးဖရန်စစ် စိုင်းထွန်းရီ နှင့် ဒေါ်မာဒါလေးနာ နန်းဝိုးကျန်တို့၏ မိသားစုဝင်များ အပါအဝင် အလှူရှင်များမှ စုပေါင်းကာ အသစ်ပြန်လည် ဆောက်လုပ် လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ကျောင်းဆောင်၏ အကျယ်အဝန်းမှာ (100x40)ပေရှိပြီး တန်ဖိုးငွေ ကျပ်သိန်းတစ်ထောင်ကျော်ကုန်ကျခံကာ ဆောက်လုပ်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။ ထို့အတူ အဆိုပါကျောင်းပြန်လည် တည်ဆောက်ရာတွင် ငလျင်ပြန်လည်ထူထောင်ရေးကော်မတီမှလည်း လိုအပ်သည့် ဘိလပ်မြေများ ကူညီထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရှိရသည်။

ပံုမ်ားကိုၾကည့္ရန္
75 photos