လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်များ တာချီလိတ်၌ပေးအပ်

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်များ တာချီလိတ်၌ပေးအပ်
မေ 3, 2013
By Tachileik News Agency

တာချီလိတ်ခရိုင်ရှိ တောင်သူလယ်သမားများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များပေးအပ် ပွဲ အခမ်းအနားကို မေလ (၃)ရက် နံနက် (၁၀)နာရီက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ပြုလုပ်သည်။

 {တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ပေးအပ်စဉ် | ဓါတ်ပုံ။ မောင်ဆွေငြိမ်း}
 {ခရိုင်မြေစာရင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ကြိုင်မှ ပေးအပ်စဉ် | ဓါတ်ပုံ။ မောင်ဆွေငြိမ်း}

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်သည် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ အသစ်အရ တောင်သူလယ်သမားများ၏ ဘ၀တိုးတက်ရေး အတွက် ဆောင်ရွက်ခြင်းဖြစ်၍ တောင်သူလယ်သမားများအနေဖြင့် အကျိုးရှိရှိ အသုံးချတတ်ဖို့လိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

 {တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ ပေးအပ်စဉ် | ဓါတ်ပုံ။ မောင်ဆွေငြိမ်း}

ယင်းနောက် ခရိုင်မြေစာရင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ကြိုင်က လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များ ပေးအပ်ရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် တာဝန်ရှိသူများက တောင်သူလယ်သမားများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များ ပေးအပ်သည်။ ယနေ့အခမ်းအနားတွင် တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်ရှိ အုပ်စု(ဂ)အုပ်စုမှ တောင်သူ (၅၀၅) ဦးတို့အား ပေးအပ်ခြင်း ဖြစ်ကြောင်းသိရှိရသည်။

သတင်းပေးပို့သူ။    ။ မောင်ဆွေငြိမ်း