အလင်းရောင်ပရဟိတအသင်းသို့ ဆင်ဖြူတော်ကဖေး မှ ကားတစ်စီး လှုဒါန်း

အလင်းရောင်ပရဟိတအသင်းသို့ ဆင်ဖြူတော်ကဖေး မှ ကားတစ်စီး လှုဒါန်း
မေ 9, 2013
By Tachileik News Agency

မေလ(၈)ရက်နေ့က တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်း၌ သာရေး/နာရေး/ဘာသာရေးနှင့် လူမှုရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မယ်ခေါင်ရပ်ကွက်၌ ဖွင့်လှစ်ထားသော "ဆင်ဖြူတော်"ကဖေး ပိုင်ရှင် ဦးမောင်လှ+ဒေါ်ထွေးကြည် မိသားစုတို့မှ ကားတစ်စီးလာရောက် လှူဒါန်းသွားကြောင်း သိရသည်။

အဆိုပါကားအား လှူဒါန်းမှုအဖြစ် ယနေ့(မေလ ၉ ) ပြုလုပ်သော အလင်းရောင်ပရဟိတအသင်း၏ (၂၈)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းပွဲ၌ ဆင်ဖြူတော်"ကဖေး ပိုင်ရှင် ဦးမောင်လှ+ဒေါ်ထွေးကြည် မိသားစုတို့မှ  သော့အပ်နှံရာ အလင်းရောင်ပရဟိတအသင်း၏ ဥက္ကဌဖြစ်သူ ဦးမြင့်ဦးမှ လက်ခံရယူပြီး တရားနာ ရေစက်ချကာ လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အလင်းရောင်ပရဟိတအသင်းသည် ဆွမ်းလောင်းလှူခြင်းကို အဓိကထား လုပ်ဆောင်နေသည်မဟုတ်ပဲ လူမှုရေးလုပ်ငန်းများဖြစ်သည့် သာရေး/နာရေး နှင့် ပညာရေး စသည့် လူမှုရေးလုပ်ငန်းများကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးနေသော အသင်းဖြစ်ကြောင်း သိရသည်။