လူမှုဝန်ထမ်းဦးစီးဌာန နှင့် (World Vision)တို့မှ ပူးပေါင်း၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်း (၃)ရက် ပို့ချ

လူမှုဝန်ထမ်းဦးစီးဌာန နှင့် (World Vision)တို့မှ ပူးပေါင်း၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်း (၃)ရက် ပို့ချ
ဇူလိုင် 26, 2012
By Tachileik News Agency

ယနေ့နံနက်တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌် လူမှုဝန်ထမ်းဦးစီးဌာန နှင့် ဝေါလ်ဗွီးရှင်း(မြန်မာ)
(World Vision)တို့မှ ပူးပေါင်း၍ ဖွင့်လှစ်ပို့ချသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းကို သင်ကြားပို့ချကြောင်း သိရှိရသည်။


ယခုလို သင်တန်းပို့ချခြင်းရဲ့ ရည်ရွယ်ချက်မှာ တာချီလိတ်မြို့နယ်အတွင်း မလိုလားအပ်သော ကလေးသူငယ်ပြဿနာများ မပေါ်ပေါက်စေရေးအတွက် ကြိုတင်ကာကွယ် အသိပညာပေးရန်ဖြစ်ကြောင်း သိရှိရသည်။


သင်တန်းသို့ မြို့နယ်ကလေးများဆိုင်ရာကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပါဝင်သော သင်တန်းသူ သင်တန်းသား (၄၁)ဦးတို့အား သင်ကြားပို့ချပြီး သင်တန်းကာလမှာ ဇူလိုင်(၂၆)ရက်မှ ဇူလိုင်(၂၈)ရက်ထိ ပြုလုပ်မှာဖြစ်ကြောင်းနှင့် သင်တန်းအချိန်မှာ နံနက်(၉)နာရီမှ ညနေ(၄း၃၀)နာရီ ဖြစ်ကြောင်း သိရှိရပါသည်။

ပုံများကိုကြည့်ရန်
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်း (၃)ရက် ပို့ချ26 photo

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net