တာချီလိတ်မြို့ရှိ တာလော့အခြေခံပညာမူလတန်းကျောင်းတွင် တိုးချဲ့ကျောင်းဆောင်သစ် ဖွင့်လှစ်

တာချီလိတ်မြို့ရှိ တာလော့အခြေခံပညာမူလတန်းကျောင်းတွင် တိုးချဲ့ကျောင်းဆောင်သစ် ဖွင့်လှစ်
ဇူလိုင် 31, 2012
By Tachileik News Agency

မိုးများတဖွဲဖွဲရွာနေလျှက်ရှိသော တာချီလိတ်မြို့၏ မနက်ခင်းတစ်ခုတွင် တာလော့အခြေခံမူလတန်း တိုးချဲ့ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြပါသည်။


၂၀၁၂ခုနှစ် ဇူလိုင်(၃၁) နံနက် (၈)နာရီတွင် ကျောင်းဆောင်သစ် ဖဲကြိုးဖြတ်အခမ်းအနားသို့ ကျိုင်းတုံတွဲဘက် ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင် တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

အခမ်းအနားတွင် ကျိုင်းတုံတွဲဘက် ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့်မှ ပညာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို ပြောကြားပြီး တာလော့ကျောင်း၏ ကျောင်းသားဟောင်း တစ်ဦးဖြစ်သလို ကျောင်းအကျိုးတော်ဆောင် လည်းဖြစ်တဲ့ ဦးဘိုလေးမှ
ကျောင်းဆောင်သစ် အကြောင်းကို ပြောကြားသည်။ ၎င်းနောက်တွင် တာချီလိတ်မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးမှ ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက်မှာတော့ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ကြပြီး အခမ်းအနားကိုတော့ (၉း၁၀)နာရီတွင် ပြီးစီးစေခဲ့ပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net