အ.ထ.က(တာချီလိတ်)ကျောင်းတွင် ပြင်ဦးလွင်ကျောင်းဆောင်သစ် ဖွင့်လှစ်

အ.ထ.က(တာချီလိတ်)ကျောင်းတွင် ပြင်ဦးလွင်ကျောင်းဆောင်သစ် ဖွင့်လှစ်
ဇူလိုင် 30, 2012
By Tachileik News Agency

ဇူလိုင်(၃၀)ရက် တနလာင်္နေ့ နံနက်(၇း၅၀)တွင် အ.ထ.က(တာချီလိတ်)တွင် ပြင်ဦးလွင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားအဖြစ် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။


ဖဲကြိုးဖြတ်အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တွဲဖက် ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့် နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။


ထို့နောက်မှာတော့ ကျောင်း၏ဟောခန်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်း နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တွဲဖက် ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့် တို့က ပညာရေး နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြောကြားသွားခဲ့ကြပြီး ကျောင်း အကျိုးတော်ဆောင်အဖွဲ့မှ နာယကတစ်ဦးဖြစ်သူ ဦးဘိုချိုမှ ကျောင်းဆောင်သစ် ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီး ၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သော
ကျောင်းသား ကျောင်းသူ (၈)ဦးအား တာချီလိတ်မြို့နယ် ပညာရေး ကော်မတီမှ ပေးအပ်သော ဆုပေးပွဲအစီအစဉ်ကို စတင်ခဲ့ကြသည်။

***ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများမှာ***

ခုံအမှတ် အမည် ဂုဏ်ထူး/ဘာသာ ကျောင်းအမည်
( ၂၆ ) မဂျောဆာ သချာင်္ ၊ ရူပဗေဒ အ.ထ.က (တာချီလိတ်)
( ၃၂ ) မသူဇာဌေး ဓာတုဗေဒ အ.ထ.က (တာချီလိတ်)
( ၅၁ ) မောင်ရှဲန်းနန် သချာင်္ ၊ ရူပဗေဒ အ.ထ.က (တာချီလိတ်)
( ၁၈၅ ) မောင်ကျော်ဟိန်း ရူပဗေဒ အ.ထ.က-ခွဲ (မိုင်းကိုး)
( ၃၁၀ ) မောင်ဆက်မှူးအိမ် မြန်မာ၊သချာင်္၊ဓာတု၊ ရူပ ပြင်ပ
( ၄၆၀ ) မကေသွယ်ဖြိုး ဘောဂဗေဒ အ.ထ.က (တာချီလိတ်)
( ၅၂၆ ) မနန်းဆွတ်ခမ်း သချာင်္ အ.ထ.က (တာချီလိတ်)
( ၅၄၅ ) မောင်ဂျာထီး သချာင်္ အ.ထ.က (တာလေ)


အထက်ပါ ကျောင်းသား (၈)ဦးအား အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနားအစီအစဉ်ကို နံနက်(၉)နာရီတွင် ပြီးစီးစေခဲ့ပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net