ထိုင်းနိုင်ငံအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားများအတွက် အကျိုးခံစားခွင့် ဥပဒေသတ်မှတ်

ထိုင်းနိုင်ငံအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားများအတွက် အကျိုးခံစားခွင့် ဥပဒေသတ်မှတ်
ဇူလိုင် 25, 2012
By Tachileik News Agency

Tachileik News: :ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်နေကြသော အမျိုးသမီးများအနေဖြင့် နိုင်ငံအတွင်း အလုပ်လုပ်နေကြရင်း ကိုယ်ဝန်ဆောင်လာပါက မွေးဖွားခွင့်နှင့်အတူ မွေးဖွားလာသော ကလေးအား မိခင်နှင့်အတူ တရားဝင်နေထိုင်ခွင့် ဥပဒေ သတ်မှတ်ထားကြောင်း ရေးသားဖော်ပြထားသည်ကို ထိုင်းသတင်း မီဒီယာများတွင် တွေ့ရရှိသည်။

ယခင်က ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်သော အမျိုးသမီးတစ်ချို့မှာ အလုပ်လုပ်နေချိန်ကာလအတွင်း ကိုယ်ဝန်ဆောင်မှုများရှိလာပါက မိမိတို့နိုင်ငံသို့ ပြန်သွား၍ မွေးဖွားရမည်ဖြစ်ကြောင်း အလုပ်သမား စည်းကမ်း တွင် သတ်မှတ်ထားသည်။

ယခုအချိန်မှစ၍ အလုပ်လုပ်နေသော ကာလအတွင်းမှာ ကိုယ်ဝန်ရှိပါက ထိုင်းနိုင်ငံအတွင်း မွေးဖွားခွင့်ပေးပြီး
မွေးလာသော ကလေးများကိုလည်း မိခင်နှင့်အတူ တရားဝင်နေထိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း နှစ်ဖက်မိဘများမှာလည်း တရားဝင်ထောက်ခံချက်ရှိမှသာ မိမိနိုင်ငံ သံရုံးမှ တရားဝင် ခွင့်ပြုချက်အရ ကလေးဟာ မိဘများမိမိနိုင်ငံသို့ မပြန်မခြင်း မိဘနှင့်အတူ နေထိုင်ခွင့်ရှိမှာ ဖြစ်ပြီး ပညာသင်ခွင့် ရရှိမည်ဖြစ်သည်။ ထို့အပြင် မိဘနှင့်အတူ ကျန်းမာရေး စောင့်ရှောက် ခံစားခွင့်ရရှိမည်ဖြစ်သည်။

၂၀၁၅ခုနှစ် အာရှစီးပွားရေး မဖြစ်ပေါ်ခင်မှာ ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ရင်း ကိုယ်ဝန်ဆောင်
ဖြစ်သွားကြသော အမျိုးသမီးများကို ကန့်သတ်ထားသော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများကို နိုင်ငံဝင်ခွင့် တားမြစ်ခြင်းတော့ မရှိချေ။

“အလုပ်သမားစည်းကမ်းအသစ်မှာ မြန်မာ၊ လာအို၊ ကဗ္ဘောဒီးယား နိုင်ငံတို့အတွက် အကျိုးရှိပြီး အမျိုးသမီး နှင့် ကလေး ကူးသန်းရောင်းဝယ်ရေးများ လျော့နည်းစေမည်"ဟု ၀န်ကြီး ပရားဝစ်က ယမန်နေ့က အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံသတင်းဌာနတစ်ခုမှ သိရှိရပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net