ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်းဖွင့်ပွဲကို မဲခေါင်မြစ်ဟိုတယ်တွင်ကျင်းပ

ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်းဖွင့်ပွဲကို မဲခေါင်မြစ်ဟိုတယ်တွင်ကျင်းပ
ဇူလိုင် 16, 2012
By Tachileik News Agency

၂၀၁၂ခုနှစ် ဇူလိုင်(၁၆)ရက်နေ့ နေ့လည်(၂)နာရီတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ကြီးကြပ်၍ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း အမှတ်စဉ်(၂/၂၀၁၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို တာချီလိတ်မြို့ရှိ မဲခေါင်မြစ်ဟိုတယ်(ကိုးထပ်)၏ ဒုတိယထပ်တွင် ပြုလုပ်ကျင်းပခဲ့ကြသည်။


ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခမ်းအနားတွင် မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးလှဌေးက သင်တန်းအဖွင့်မိန့်ခွန်းကို ပြောကြားရာတွင် မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသည်များ အလည်ပတ်သွားလာသောနိုင်ငံ ( ၁၀ )နိုင်ငံထဲတွင် တစ်ခုအပါအ၀င်ဖြစ်တာကြောင့် ဧည့်သည်များကို အထူးဧည့်ဝတ်ကျေရန်အတွက် ကူညီပေးနိုင်ရန်နှင့် ဧည့်လမ်းညွှန်နှင့်ပတ်သက်သည့် အကြောင်းအရာများကို မှတ်သားစရာအဖြစ် အတိုချုံ့ပြောကြားသည်။


အခမ်းအနားသို့ တာချီလိတ်ခရိုင်အုပ်ချူပ်ရေးမှူးအပါအ၀င် ခရိုင်အဆင့် မြို့နယ်အဆင့် မှ ဌာနဆိုင်ရာတစ်ချို့ တက်ရောက်ခဲ့ကြ။

သင်တန်းကာလမှာ (၁၄)ရက် သတ်မှတ်ထားပြီး သင်တန်းပို့ချရာနေရာကိုတော့ အ.ထ.က-တာချီလိတ်
ကျောင်းတွင် သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net