ပုန်းထွန်ရပ်ကွက်အတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ် စီမံချက် စတင်

ပုန်းထွန်ရပ်ကွက်အတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ် စီမံချက် စတင်
ဇူလိုင် 20, 2012
By Tachileik News Agency

တာချီလိတ်မြို့တွင် မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်အဖြစ် ဇူလိုင်(၁၀)မှ စ၍ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်ရဲ့ ဒုတိယမြောက် အဖြစ် ပုန်းထွန်ရပ်ကွက်တွင် ပြုလုပ်မှာဖြစ်ပြီး ပုန်းထွန်ရပ်ကွက်အတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ်( Crime Free Week ) စီမံချက်ကို
ဇူလိုင်(၂၀)မှ ဇူလိုင်(၂၆)ရက်ထိ (၇)ရက်တိတိ ပြုလုပ်မှာဖြစ်ကြောင်း အစည်းအဝေး အခမ်းအနား အရသိရှိရသည်။



ရပ်ကွက်အတွင်း မှု့ခင်းကင်းစင်ရေး ဆောင်ရွက်ရန်အတွက် ယခုပြုလုပ်သော အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် တာချီလိတ်စခန်းမှူး အပါအ၀င် မှု့ခင်းကင်းစင်ရေးရက်သတ္တပတ် စီမံချက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ၎င်းတို့မှ မှု့ခင်းနဲ့ပတ်သက်သော သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် ပြောကြားခဲ့ကြသည်။ ၎င်းတို့ အပါအ၀င် အခမ်းအနားသို့ တက်ရောက်လာသူမှာ (၅၀)ခန့်ရှိကြောင်း တွေ့ရှိရသည်။



ဟောပြောမှုများတွင် မူးယစ်ဆေးဝါးအကြောင်း၊ လူကုန်ကူးခံရမှုများအကြောင်း မှု့ခင်းရေးရာ အကြောင်းများကို ဟောပြောခဲ့ကြပြီး ယာဉ်ထိန်းတစ်ဦး၏ ပြောကြားချက်တွင် " ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသော လူများကို သေရေး ရှင်ရေးနှင့်ပတ်သက်လာလျှင် ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ပို့ပေးနိုင်သည်။ တစ်ချို့က ခြေရာ လက်ရာပျက်မှာ ဆိုးတာကြောင့် မထိရဲ မကိုင်ရဲ တာတွေဖြစ်တတ်ကြောင်း အဲ့ဒီအတွက် ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ မပို့မီ ဒဏ်ရာရသူအပါအ၀င် ယာဉ်တိုက်မှုဖြစ်ပွားသော နေရာအား ကင်မရာဖြင့်ဖြစ်စေ ဖုန်းကင်မရာဖြင့်ဖြစ်စေ မှတ်တမ်းရိုက်ထားသင့်ကြောင်း၊ ကင်မရာမရှိပါက ယာဉ်တိုက်မှုဖြစ်ပွားသောနေရာတွင် ဒဏ်ရာရရှိသူ လဲနေသော နေရာအား အုတ်ခဲဖြင့်ဖြစ်စေ မီးသွေးဖြင့်ဖြစ်စေ မြေဖြူဖြင့်ဖြစ်စေ အမှတ်အသား(လူတစ်ကိုယ်စာ) ပြုလုပ်ရန် လိုအပ်ကြောင်း"ကြားသိရသည်။ ထိုအချက်အလက်သည် အများသိစေရန်ဖြစ်သည့် အတွက် ပြန်လည်ကောက်နှုတ်ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်အဖြစ် ပထမဦးဆုံး ၀မ်ကောင်းရပ်ကွက်တွင် ဇူလိုင်လ(၁၀)ရက်နေ့က ပြုလုပ်ခဲ့ကြကြောင်း သိရှိရပြီး ယခုကဲ့သို့ မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်ကို ရပ်ကွက်အသီးသီးတို့တွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net