တာချီလိတ်ဟုခေါ်သည်

တာချီလိတ်ဟု အမည်နာမခေါ်တွင် ရခြင်းမှာ ယခုနယ်ခြား ဖြစ်သော မယ်ဆိုင်ချောင်းကို ဖြတ်ကူးသည့် ရေဆိပ်တွင် မယ်ဇလီရေဆိပ် (သို့မဟုတ်) မယ်ဇလီတစ်ပင်ရှိသည်ကို အကြောင်းပြု၍ မယ်ဇလီရေဆိပ် (သို့မဟုတ်) မယ်ဇလီကူးတို့ဆိပ် (သို့မဟုတ်) ရှမ်းဘာသာဖြင့် တာခီလိတ်မှ တာချီလိတ ဟူ၍ကာလရွေ့လျား လာသည်နှင့်အမျှ အမည်တွင်ခဲ့ပါသည်။ ရှေးလူကြီးများထံမှ မှတ်သားသိရှိချက်များအရ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ့ငါးဆယ်ခန့်က တာချီလိတ်မြို့ အတွင်းတွင် တလန်(သို့မဟုတ်) တလွန်လူမျိုးများ နေထိုင်ခဲ့ကြောင်းနှင့် မြန်မာမင်းများ ယိုးဒယား(ထိုင်း)ကို တိုက်ခိုက်ရာတွင် စစ်ချီရာလမ်းကြောင်း ကျရောက်သဖြင့် မြို့ရွာများပျက်ကာ ယင်းလူမျိုးစုများသည် လာအိုနိုင်ငံနှင့် ယိုးဒယားဘက်ကမ်းသို့ ပြောင်းရွေ့ထွက်ပြေးကြကြောင်း အဆိုရှိခဲ့ပါသည်။

နှောင်းခေတ်သမိုင်း၌ ဒုတိယကမ္ဘာစစ်မတိုင်မီ ကာလဗြိတိသျှတို့ အုပ်ချူပ်စဉ် တာချီလိတ်မြို့နယ်မှာ ကျိုင်းတုံစော်ဘွားကြီး စ၀်ကောင်းတိုင်း၏ ပဒေသရာဇ်အောက်တွင် ရှိခဲ့ပါသည်။ ၁၉၂၇တွက် တာချီလိတ်မြို့၌ အိမ်ခြေ(၄-၅)အိမ်ခန့်သာ ရှိပြီး ဟောင်လိတ်တွင် မြို့စားရုံးစိုက်ခဲ့ပါသည်။  ၁၉၃၉ ခုနှစ်တွင် လုနေအိမ်များစည်ကားတိုးတတ်လာပြီး မြို့စားရုံးကို တာချီလိတ်မြို့သို့ ပြောင်းရွေ့ခဲ့ပါသည်။ ၁၉၆၂တွင် တော်လှန်ရေးကောင်စီမှ စော်ဘွားများကို အာဏာသိမ်းချိန် ၁၉၆၃ မှစပြီး နယ်ခြားခရိုင်ဝန်ရုံးစိုက်၍ ခေတ်သစ်အုပ်ချူပ်ရေးကို စတင်ခဲ့သည်။

ကိုးကား။    ။မြတ်မျိုးမြင့်မာန်(ရွှေတြိဂံ မဂ္ဂဇင်း)

blog comments powered by Disqus

တပတ်အတွင်း လူဖတ်များဆုံး

သတိပေးချက်

တာချီလိတ် အွန်လိုင်းစာမျက်နှာရှိ စာများ၊ ဓါတ်ပုံများ၊ ဆောင်းပါး၊ သတင်း စသည်များကို သတင်းWebsiteများနှင့် သတင်းဂျာနယ်များမှ ကူးယူဖော်ပြလိုပါက tachileik@tachileik.net သို့ အကြောင်းကြားစေလိုပါသည်။ သို့မဟုတ် www.tachileik.net မှ ဟူ၍ အမည်ဖော်ပြပေးစေလိုသည်။

archive

:::ဆက်သွယ်ရန်:::

tachileik@tachileik.net ကို Gtalk တွင် Add နိုင်ပါသည်
free counters

Total Pageviews

Facebook