ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် ကွယ်လွန်

ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် ကွယ်လွန်
ဖေဖော်ဝါရီ 16, 2022 | နိုင်ငံရေး| ရှမ်းမြောက်

ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်သည် အသက် (၉၄)နှစ်အရွယ် ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့ နံနက် (၅)နာရီ (၄၀)မိနစ်တွင် နေအိမ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ဥက္ကဌ ဖုန်ကြားရှင် ကွယ်လွန်ခြင်းသည် ကိုးကန့်အမျိုးသားလွတ်မြောက်ရေးအတွက် လည်းကောင်း၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အတွက်လည်းကောင်း ဆုံးရှုံးမှုကြီးဖြစ်ပါသည်

ဟု MNDAA ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၁)၏ ဥက္ကဌ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၏ ခေါင်းဆောင် ဖုန်ကြားရှင်အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့တွင် ကျင်းပမည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။