ထန်တလန်မြို့တွင်း တိုက်ခိုက်မှုတွင် အာဏာသိမ်းတပ်က လူနေရပ်ကွက်တွင်း လက်နက်ကြီးပစ်ခတ်၍ အရပ်သား (၄) ဦး ဒဏ်ရာရ

B.A.C.V.A
B.A.C.V.A
ထန်တလန်မြို့တွင်း တိုက်ခိုက်မှုတွင် အာဏာသိမ်းတပ်က လူနေရပ်ကွက်တွင်း လက်နက်ကြီးပစ်ခတ်၍ အရပ်သား (၄) ဦး ဒဏ်ရာရ
စက်တင်ဘာ 9, 2021

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ နေ့လယ်ပိုင်းက အာဏာသိမ်း စစ်တပ်နှင့် ထန်တလန် CDF တို့ တိုက်ခိုက်မှုဖြစ်ပွားရာ အာဏာသိမ်းတပ်က လူနေရပ်ကွက်အတွင်း လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်၍ အရပ်သား (၄) ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်မှ (၂) ယောက်သေဆုံးပြီးနောက် လူနေရပ်ကွက်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်ခြင်းအပြင် လူနေအိမ်တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးသည်ဟု သိရသည်။

အာဏာသိမ်းအဖွဲ့အနေဖြင့် ထန်တလန်ပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ ညအချိန်မတော် ဧည့်စာရင်း စစ်ဆေးမှုများနှင့် အများပြည်သူလုံခြုံမှုကို ဆက်လက်ထိပါး နှောင့်ယှက်နေသ၍ ကာလပတ်လုံး ထန်တလန် CDF က ချေမှုန်းတိုက်ခိုက်သွားမည်ဟုလည်း သတိပေးထားသည်ကို တွေ့ရသည်။