ကယားပြည်နယ်မှ NLD ပါတီနှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီများမှ အနိုင်ရ ကိုယ်စားလှယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်နေသော လူထုနှင့် ရပ်တည်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်

ကယားပြည်နယ်မှ NLD ပါတီနှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီများမှ အနိုင်ရ ကိုယ်စားလှယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်နေသော လူထုနှင့် ရပ်တည်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်
ဖေဖော်ဝါရီ 10, 2021
By Tachileik News Agency

ကယားပြည်နယ်မှ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် NLD ပါတီမှ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ကိုယ်စားလှယ်များအနေဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်နေသော လူထုနှင့်အတူ ရပ်တည်ကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ 

မြန်မာ့တပ်မတော်၏ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ရှုတ်ချကြောင်း၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီအရေးကို လူထုနှင့်အတူရပ်တည်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်ကို အများပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင် ကျဆုံးရေးအတွက် လူထု တစ်ရပ်လုံး ညီညွှတ်စွာပူးပေါင်းပါဝင်ပေးကြရန် ထုတ်ပြန်ချက်ထဲတွင် အချက်( ၄) ချက်ဖြင့် ဖော်ပြထားသည်။ 

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနှင့် NLD ပါတီတို့ ပထမဆုံး ပူးတွဲ၍ ထုတ်ပြန်ချက် ထုတ်ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ နှစ်ဖက်ကိုယ်စားလှယ်များ ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency