မကွေးတိုင်းဝန်ကြီးချုပ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည့် ပွင့်ဖြူမြို့နယ်တွင် ရွေးကောက်ပွဲ၌ မှန်ကန်တိကျစွာ လုပ်ဆောင်ပေးနိုင်ခြင်းမရှိဟု ဆိုကာ လူ(၅၀၀)ဝန်းကျင်မှ ဆန္ဒထုတ်ဖော်

မကွေးတိုင်းဝန်ကြီးချုပ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည့် ပွင့်ဖြူမြို့နယ်တွင် ရွေးကောက်ပွဲ၌ မှန်ကန်တိကျစွာ လုပ်ဆောင်ပေးနိုင်ခြင်းမရှိဟု ဆိုကာ လူ(၅၀၀)ဝန်းကျင်မှ ဆန္ဒထုတ်ဖော်
နိုဝင်ဘာ 22, 2020
By Tachileik News Agency
မကွေးတိုင်းဝန်ကြီးချုပ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည့် ပွင့်ဖြူမြို့နယ်တွင် ရွေးကောက်ပွဲ၌  မှန်ကန်တိကျစွာ လုပ်ဆောင်ပေးနိုင်ခြင်းမရှိဟု ဆိုကာ လူ(၅၀၀)ဝန်းကျင်မှ ဆန္ဒထုတ်ဖော်
၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို  ပါဝင်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည့် ပွင်ဖြူမြို့နယ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍  မှန်ကန်တိကျစွာ လုပ်ဆောင်ပေးနိုင်ခြင်းမရှိဟု ဆိုကာ လူဦးရေ(၅၀၀)ဝန်းကျင်မှ နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းက    စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“၂၀၁၅ တုန်းကလို မဟုတ်ဘဲ အခု ၂၀၂၀ မှာ ကြိုတင်မဲဆိုပြီးတော့ စနစ်တကျစီစဉ်ပြီး လုပ်ခဲ့လို့ မဲဆန္ဒရှင်ပြည်သူတွေမှာ ထိခိုက် နစ်နာခဲ့ရပါတယ်။ ပြုလုပ်ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ရွေးကောက်ပွဲ ကော်မရှင်က ပုဂ္ဂိုလ်တွေဟာ မှန်ကန်တိကျစွာ လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိဘူးလို့  ယူဆတာကြောင့် မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ကြရခြင်းဖြစ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာနေ ဦးကံအေး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာနေ ဦးကံအေးမှ ဦးဆောင်ကာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် လူဦးရေ(၂၉)ဦးဖြင့် မြို့ပေါ်၌ လှည့်လည် ဆန္ဒဖော်ထုတ်ခွင့် တင်ပြဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ဆန္ဒဖော်ထုတ်သူများအား ပြည်သူအင်အား(၅၀၀)ခန့်က လိုက်ပါဝန်းရံခဲ့ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ပွဲအား ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက် ရွှေဘုံသာဘုရားရှေ့ကွင်းပြင်မှ နံနက်(၈)နာရီဝန်းကျင်က စတင်ကာ ခိုင်ရွှေဝါလမ်း - ဗိုလ်ချုပ်လမ်း - သန့်စင်လမ်း- မင်းဘူး-စလင်းလမ်းပေါ်- ချယ်ရီလမ်း- အင်ကြင်းလမ်း- ခိုင်ရွှေဝါလမ်းမှ ရွှေဘုံသာဘုရားကွင်းသို့ စီတန်းလှည့်လည်ကာ တစ်နိုင်ငံလုံးရှိ မဲမသမာမှုများအား ဝိုင်းဝန်းစစ်ဆေးဖော်ထုတ်ရေး- ဒိုးအရေး၊ တာဝန်ယူမှု တာဝန်ခံမှုမရှိသော ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းရေး- ဒိုးအရေး၊ မဲလိမ်မဲခိုး အစိုးရ- အလိုမရှိ စသည့် ကြွေးကြော်သံများ ကို ကြွေးကြော်၍ စီတန်းလှည့်လည်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့သည့် ပွင့်ဖြူမြို့မှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ ဇာတိမြို့ဖြစ်ကာ ကျင်းပပြီးစီးခဲ့သော ၂၀၂၀ရွေးကောက်ပွဲ၌ ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ- ဖီးနစ်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~