တာခ်ီလိတ္တြင္ မိုဘိုင္းလ္ဖုန္း အပိုပစၥည္းမ်ားကို အိမ္နီးခ်င္းထိုင္းႏုိင္ငံထက္ ရန္ကုန္ၿမိဳ႕မွ တင္သြင္းမႈမ်ားလာ

တာခ်ီလိတ္တြင္ မိုဘိုင္းလ္ဖုန္း အပိုပစၥည္းမ်ားကို အိမ္နီးခ်င္းထိုင္းႏုိင္ငံထက္ ရန္ကုန္ၿမိဳ႕မွ တင္သြင္းမႈမ်ားလာ
ဖေဖော်ဝါရီ 12, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ မိုဘိုင္းလ္ဖုန္းေစ်းကြက္တြင္ ဖုန္းအပိုပစၥည္းမ်ားကို အိမ္နီးခ်င္းထိုင္းႏိုင္ငံမွ မွာယူျခင္းထက္ အာမခံခ်က္ ေပးႏုိင္သည့္ ရန္ကုန္ၿမိဳ႕ဖုန္းဆိုင္မ်ားမွ တင္သြင္းမႈ ပိုမ်ားလာေၾကာင္း သိရသည္။

"ဖုန္းမွန္ေတြဆိုရင္ ကၽြန္ေတာ္တို႔ အဓိကမွာတာ ရန္ကုန္ကပဲ။ အာမခံခ်က္လည္းရွိတယ္။ အသံုးျပဳတဲ့သူလည္း စိတ္ေက်နပ္တယ္။ ခရီးေ၀းေတာ့ မွာရင္ အမ်ိဳးအစား တစ္ခုကို အနည္းဆံုး(၁၀)ခ်ပ္ အထက္မွာရတယ္"ဟု တာခ်ီလိတ္ၿမိိဳ႕ Top Mobile ဆိုင္မွ ကိုဆန္းမင္းဦးေျပာသည္။

လက္ရိွ တာခ်ီလိတ္ဖုန္းျပဳျပင္ေရးေစ်းကြက္တြင္ ဖုန္းမွန္ကြဲျခင္းႏွင့္ ေရစို၀ါယာေရွာ့ျဖစ္ျခင္းမ်ား ျပဳျပင္ရမွဳ မ်ားျပားၿပီး Samsaung ႏွင့္ Huwai ဖုန္းအမ်ိဳးအစား အမ်ားဆံုးျပဳျပင္ရေၾကာင္း တာခ်ီလိတ္ၿမိဳ႕ ဖုန္းျပဳျပင္ေရးဆုိင္မ်ားမွ သိရသည္။

"အဓိက ဖုန္းေတြမွာ အျဖစ္မ်ားတာ မွန္ကြဲတာပဲ။ ေနာက္တစ္မ်ိဳး ျပင္ရတာ လြတ္က်လို႔ ပါ၀ါမလာတာေပါ့"ဟု Top Mobile ဆိုင္မွ ကိုဆန္းမင္းဦးေျပာသည္။

ဖုန္းမ်က္ႏွာျပင္မွန္မ်ား ျပဳျပင္ရာတြင္ အမ်ိဳးအစားအလုိက္ ေစ်းကြာျခားမႈရွိၿပီး  ဘတ္(၆၀၀၀)ေက်ာ္တန္အထိ ရွိေၾကာင္း ၎ထံမွ သိရသည္။

တာခ်ီလိတ္ မိုဘိုင္းလ္ေစ်းကြက္အတြင္း ယခင္အခ်ိန္က ထိုင္းႏိုင္ငံထုတ္ဖုန္းမ်ားသာ အသံုးျပဳမႈမ်ားျပားၿပီး ယခုေနာက္ပိုင္းတြင္ ကုမၸဏီမ်ား၏ အာမခံေပးမႈအေပၚ မူတည္၍ ျမန္မာႏိုင္ငံအတြင္းမွ ဖုန္းမ်ား ၀ယ္ယူမႈမ်ားျပားၿပီး ယခု ဖုန္းေစ်းကြက္အတြင္း ျပည္တြင္းမွ မွာယူေရာင္းခ်ေသာ Hello ျမန္မာ၊Lenovo ျမန္မာ၊ Oppo Myanmar ႏွင့္ Vivo ဖုန္းမ်ား ေရာင္းခ်ရမႈမ်ားျပားေၾကာင္း တာခ်ီလိတ္ၿမိဳ႕ရိွ မိုဘိုင္းလ္ဖုန္း ေရာင္းခ်သူမ်ားထံမွ သိရသည္။
*******************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မိုဘိုင်းလ်ဖုန်းဈေးကွက်တွင် ဖုန်းအပိုပစ္စည်းများကို အိမ်နီးချင်းထိုင်းနိုင်ငံမှ မှာယူခြင်းထက် အာမခံချက် ပေးနိုင်သည့် ရန်ကုန်မြို့ဖုန်းဆိုင်များမှ တင်သွင်းမှု ပိုများလာကြောင်း သိရသည်။

"ဖုန်းမှန်တွေဆိုရင် ကျွန်တော်တို့ အဓိကမှာတာ ရန်ကုန်ကပဲ။ အာမခံချက်လည်းရှိတယ်။ အသုံးပြုတဲ့သူလည်း စိတ်ကျေနပ်တယ်။ ခရီးေဝးတော့ မှာရင် အမျိုးအစား တစ်ခုကို အနည်းဆုံး(၁၀)ချပ် အထက်မှာရတယ်"ဟု တာချီလိတ်မြို့ Top Mobile ဆိုင်မှ ကိုဆန်းမင်းဦးပြောသည်။

လက်ရှိ တာချီလိတ်ဖုန်းပြုပြင်ရေးဈေးကွက်တွင် ဖုန်းမှန်ကွဲခြင်းနှင့် ရေစိုဝါယာရှော့ဖြစ်ခြင်းများ ပြုပြင်ရမှု များပြားပြီး Samsaung နှင့် Huwai ဖုန်းအမျိုးအစား အများဆုံးပြုပြင်ရကြောင်း တာချီလိတ်မြို့ ဖုန်းပြုပြင်ရေးဆိုင်များမှ သိရသည်။

"အဓိက ဖုန်းတွေမှာ အဖြစ်များတာ မှန်ကွဲတာပဲ။ နောက်တစ်မျိုး ပြင်ရတာ လွတ်ကျလို့ ပါဝါမလာတာပေါ့"ဟု Top Mobile ဆိုင်မှ ကိုဆန်းမင်းဦးပြောသည်။

ဖုန်းမျက်နှာပြင်မှန်များ ပြုပြင်ရာတွင် အမျိုးအစားအလိုက် ဈေးကွာခြားမှုရှိပြီး ဘတ်(၆၀၀၀)ကျော်တန်အထိ ရှိကြောင်း၎င်းထံမှ သိရသည်။

တာချီလိတ် မိုဘိုင်းလ်ဈေးကွက်အတွင်း ယခင်အချိန်က ထိုင်းနိုင်ငံထုတ်ဖုန်းများသာ အသုံးပြုမှုများပြားပြီး ယခုနောက်ပိုင်းတွင် ကုမ္ပဏီများ၏ အာမခံပေးမှုအပေါ် မူတည်၍ မြန်မာနိုင်ငံအတွင်းမှ ဖုန်းများ ဝယ်ယူမှုများပြားပြီး ယခု ဖုန်းဈေးကွက်အတွင်း ပြည်တွင်းမှ မှာယူရောင်းချသော Hello မြန်မာ၊Lenovo မြန်မာ၊ Oppo Myanmar နှင့် Vivo ဖုန်းများ ရောင်းချရမှုများပြားကြောင်း တာချီလိတ်မြို့ရှိ မိုဘိုင်းလ်ဖုန်း ရောင်းချသူများထံမှ သိရသည်။

⊰❂ #TachileikNewsAgency #TachileikOnlineNews www.tachileik.net ❂⊱