လွိုင်ကော်သို့ မန္တလေးမှ ကုန်တင်၍ပြန်လာသည့်ယာဉ်မောင်း၌ COVID 19 ပိုးတွေ့ရသဖြင့် ကယားပြည်နယ်အတွင်း အတည်ပြုလူနာ (၁၈) ဦးအထိတိုးလာ

လွိုင်ကော်သို့ မန္တလေးမှ ကုန်တင်၍ပြန်လာသည့်ယာဉ်မောင်း၌ COVID 19 ပိုးတွေ့ရသဖြင့် ကယားပြည်နယ်အတွင်း အတည်ပြုလူနာ (၁၈) ဦးအထိတိုးလာ
နိုဝင်ဘာ 21, 2020
By 🌸
လွိုင်ကော်သို့ မန္တလေးမှ ကုန်တင်၍ပြန်လာသည့်ယာဉ်မောင်း၌ COVID 19 ပိုးတွေ့ရသဖြင့် ကယားပြည်နယ်အတွင်း အတည်ပြုလူနာ (၁၈) ဦးအထိတိုးလာ
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဝါရီကောခူ ယာယီ ကုန်တင်ယာဉ်ရပ်နားစခန်တွင် မန္တလေးမှ ကုန်တင်၍ ပြန်လည်ရောက်ရှိလာသော ယာဉ်မောင်းတစ်ဦးတွင် COVID 19 ကူးစက်ခံထားရသည်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့က စစ်ဆေးတွေ့ရသဖြင့် ကယားပြည်နယ်တွင် အတည်ပြုလူနာ (၁၈)ဦး ရှိလာပြီဖြစ်သည်။
လွိုင်ကော်မြို့၊ ဝါရီကောခူ ယာယီ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် အခြားဒေသများမှ ရောက်လာသည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား RDT ဖြင့် စစ်ဆေးပေးနေရာ နိုဝင်ဘာလ (၂၁) ရက်နေ့က (၁၅၅) ဦးကို စစ်ဆေးပေးထားခြင်းဖြစ်သည်။
Covid -19 ပိုး တွေ့ရှိရသည့် ယာဉ်မောင်းမှာ အသက်(၂၉)နှစ်အရွယ်ဖြစ်ပြီး နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မန္တလေးမှ ကုန်တင်ပြီး နိုဝင်ဘာလ (၂၀) ရက်နေ့တွင်  လွိုင်ကော်မြို့ ဝါရီကောခူ ယာယီ ကုန်တင်ယာဉ် ရပ်နားစခန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပိုးတွေ့အတည်ပြုလူနာမှာ ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး  လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး၌ ကုသပေးမည်ဖြစ်ပြီး အဆိုပါယာဉ်မောင်းနှင့် ထိတွေ့ မှုရှိခဲ့သည့် ယာဉ်နောက်လိုက်နှင့် အခြားသူတစ်ဦးတို့အား RDT ဖြင့် ပထမအကြိမ်စစ်ဆေးမှုတွင် ပိုးမတွေ့ရသော်လည်း  အသွားအလာကန့်သတ်ထားကာ ပြန်လည်စစ်ဆေးမည်ဖြစ်သည်။
ကယားပြည်နယ်တွင် နိုဝင်ဘာလ (၂၁) ရက်နေ့ထိ Covid-19 အတည်ပြုလူနာ (၁၈) ထိရှိလာပြီဖြစ်ပြီး ယင်းတို့အနက် (၉)ဦးမှာ ဆေးရုံဆင်းသွားနိုင်ပြီဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ကယားပြည်နယ်ကြက်ခြေနီလှုပ်ရှားမှုများ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~