ကျောက်မဲမြို့နယ်မှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် အနီးကပ်လုပ်ကြံခံရ၍ သေဆုံး

ကျောက်မဲမြို့နယ်မှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် အနီးကပ်လုပ်ကြံခံရ၍ သေဆုံး
နိုဝင်ဘာ 21, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်မှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် အနီးကပ်လုပ်ကြံခံရ၍ သေဆုံး
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာတွင် ၂၀၂၀ ရွေးကောက်ပွဲမှ အနိုင်ရ ရွေးကောက်ခံ အမျိုးလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့ ညပိုင်းက နေအိမ်၌ အနီးကပ်ပစ်ခတ်လုပ်ကြံမှုကြောင့် သေဆုံးသွားကြောင်း သိရသည်။
"သူ သေဆုံးသွားပါပြီခင်ဗျ။ အခုက ရဲတွေလည်းရောက်ပြီ၊ NLD ကလည်း ရောက်နေကြပြီ။ သူက ညာဘက် ရင်ဘတ်မှာ ဖောက်ထွင်းဒဏ်ရာတစ်ချက်နဲ့ သေဆုံးသွားပါတယ်ခင်ဗျ။"ဟု အခင်းဖြစ်နေရာတွင်ရောက်နေသည့် ကိုကျော်မျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ည (၇)နာရီခွဲဝန်းကျင်တွင် အတည်ပြုပြောကြားသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ပင်တိန်ကျေးရွာရှိနေအိမ်၌ ကုန်စုံဆိုင်နှင့် ကွမ်းယာဆိုင်တွဲ၍ ဖွင့်ထားရာ နေအိမ်ဆိုင်ခန်း၌ ကွမ်းယာနေစဉ် သေနတ်သမားက ဝင်ပစ်သွားခဲ့ရာ ညာဘက်ရင်အုံ၌ သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး ဦးထိုက်ဇော်အား ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်သည်။ 
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - တောင်ပေါ်သားလေး
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~