တာချီလိတ်မှ အတည်ပြုလူနာနှင့်ထိတွေ့သူ၏ တာလေမှမိသားစုဝင် (၄)ဦးကို နေအိမ်၌ အသွားအလာ ကန့်သတ်

တာချီလိတ်မှ အတည်ပြုလူနာနှင့်ထိတွေ့သူ၏ တာလေမှမိသားစုဝင် (၄)ဦးကို နေအိမ်၌ အသွားအလာ ကန့်သတ်
နိုဝင်ဘာ 26, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာနှင့် ထိတွေ့သူ၏ တာလေမြို့မှ မိသားစုဝင် (၄)ဦးကို နေအိမ်၌ Quarantine ထား 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့်အတူ ကျိုင်းတုံသွားလည်သူ တစ်ဦးက ယင်းနေ့တွင် တာလေမြို့ရှိနေအိမ်သို့ ဝင်ရောက်ခဲ့ကြောင်း သိရသဖြင့် တာလေနေအိမ်မှ မိသားစုဝင် (၄)ဦးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့၌ နေအိမ်၌ အသွားအလာကန့်သတ်ထားကြောင်း သိရသည်။
“သူက တိုက်ရိုက်ထိတွေ့တော့ မဟုတ်ဘူးပေါ့။ secondary contact ပြောရမလား။ တာချီလိတ်က ပိုးတွေ့လူနာနဲ့အတူ ကားတစ်စီးထဲ ကျိုင်းတုံအတူသွားလည်တဲ့ ကောင်မလေးက အပြန်မှာ သူ့အိမ်ကို သစ်သီးဝင်ပေးတယ်ပြောတယ်။ သူတို့ပြောတာတော့ ဝင်ပေးပြီး ချက်ချင်းပဲပြန်လာတယ်။ ထိတွေ့မရှိဘူးပေါ့။ ဒါပေမဲ့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သူ့မိသားစုကို ကျွန်တော်တို့ ဒီနေ့ lock down လုပ်လိုက်တယ်။ မနက်ဖြန် တာချီလိတ်က စစ်တဲ့ အခြေအနေသိရမှ quarantine ထားဖို့ လိုမလို ဆုံးဖြတ်ရမှာ”ဟု တာလေမြို့အုပ် ဦးချစ်ကိုက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၆)ရက်နေ့ ညပိုင်းက ပြောသည်။
တာချီလိတ်မြို့တွင် နေထိုင်ပြီး အခြားဒေသများသို့ ခရီးသွားရာဇဝင်မရှိဟု သိရသည့် အမျိုးသမီးတစ်ဦးတွင် COVID 19 ကူးစက်ခံထားရကြောင်း နိုဝင်ဘာလ (၂၅) ရက်နေ့က တွေ့ရပြီးနောက် ၎င်းနှင့်ထိတွေ့သူများအား စုံစမ်းရှာဖွေနေရာ နိုဝင်ဘာလ (၂၆)ရက်နေ့ ညနေအထိ တာချီလိတ်၌ အသွားအလာကန့်သတ်ထားသူ (၂၈) ဦး၊ တာလေ၌ အသွားအလာ ကန့်သတ်ထားသူ (၄)ဦးနှင့် ကျိုင်းတုံ၌ အသွားအလာကန့်သတ်ထားသူ (၃၇)ဦးရှိပြီဖြစ်သည်။
  Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~