တာချီလိတ်မြို့နယ်အတွင်း COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ပြင်ဆင်ထားသည့် စားသောက်ဆိုင်များကို ဆိုင်ထိုင်ရောင်းသည့် စနစ်ဖြင့် ခွင့်ပြုပေးမည်

တာချီလိတ်မြို့နယ်အတွင်း COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ပြင်ဆင်ထားသည့် စားသောက်ဆိုင်များကို ဆိုင်ထိုင်ရောင်းသည့် စနစ်ဖြင့် ခွင့်ပြုပေးမည်
နိုဝင်ဘာ 22, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ပြင်ဆင်ထားသည့် စားသောက်ဆိုင်များကို ဆိုင်ထိုင်ရောင်းသည့် စနစ်ဖြင့် ခွင့်ပြုပေးမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်ကို အတိအကျလိုက်နာသည့် စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပေးနိုင်ရန် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့ကစ၍ လိုက်လံစစ်ဆေးနေပြီဖြစ်သည်။
"လောလောဆယ်တော့ ဖုန်းညွှန်ကြားချက်ပဲ ရသေးတယ်။ စာညွှန်ကြားချက်တော့ မရသေးပါဘူး။ ဆိုင်တွေမှာ COVID 19 ကာကွယ်ရေးဆောင်ရွက်ထားမှုရှိတဲ့ဆိုင်တွေကို ပြန်ဖွင့်ပေးဆိုတဲ့ အနေအထားလေးနဲ့ ကွင်းဆင်းစစ်ဆေးတာပါ။ ဆိုင်တွေက ကျန်းမာရေးအညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို စစ်ဆေးပြီးတော့ အပေါ်ကိုတင်ပြရမှာ။ ဒါတွေပြန်ပြီး ဖွင့်ခွင့်ပြုမယ်ဆိုရင်တော့ ဖွင့်ခွင့်ရမှာပေါ့။"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စားသောက်ဆိုင်များအနေဖြင့် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချလိုပါက စားပွဲဝိုင်း တစ်ခုနှင့် တစ်ခုကြား ကာရံထားခြင်း၊ ငွေသိမ်းသူနှင့် အစားအသောက်ချပေးသူကို သီးခြားစီခွဲထားပေးခြင်း၊ ဆိုင်အဝင်တွင် လုံလောက်သည့် လက်ဆေးကန်နှင့် ဆပ်ပြာများ စီစဉ်ထားပေးခြင်း၊ ဆိုင်ဝန်ထမ်းများ Mask နှင့် Face shield များ ဝတ်ဆင်စေခြင်း၊ COVID 19 ကာကွယ်ရေး လိုက်နာရမည့်အချက်များအား အများမြင်သာအောင် ထားရှိခြင်း စသည့်အချက်များကို ဆောင်ရွက်ထားရမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားခြင်းဖြစ်သော်လည်း တာချီလိတ်မှ ဆိုင်အများစုတွင် စားပွဲပေါ်၌သာ အကာအရံငယ်များတင်ထားခြင်းကို တွေ့ရသည်။
"စားပွဲဝိုင်းတွေ တစ်ခုနဲ့တစ်ခုကြားမှာ ကာရမှာပါ။ စားပွဲဝိုင်းတွေကြားမှာ ကာပေးတာ ပိုကောင်းပါတယ်။ တာချီလိတ်မှာဆို အဲဒီပုံစံလုပ်ထားတာက ရွှေဖလားမှ ာလုပ်ထားတယ်။ အဲဒီပုံစံလုပ်ရမှာ"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။
လက်ရှိတွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်အားလုံးကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားခြင်းဖြစ်ပြီး COVID 19 ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း အတိအကျပြင်ဆင်ထားသည့်ဆိုင်များရှိပါက အဆိုပါ ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေးအတွက်  ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် လိုက်လံစစ်ဆေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ထွေ/အုပ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~