တာချီလိတ်တွင် ထိုင်းနိုင်ငံမှ ပြန်လွှဲလာသည့် ပြစ်ဒဏ်စေ့များအား Quarantine ထားစဉ် ထွက်မပြေးရန်အတွက် လုံခြုံရေး တိုးမြှင့်ထား

တာချီလိတ်တွင် ထိုင်းနိုင်ငံမှ ပြန်လွှဲလာသည့် ပြစ်ဒဏ်စေ့များအား Quarantine ထားစဉ် ထွက်မပြေးရန်အတွက် လုံခြုံရေး တိုးမြှင့်ထား
နိုဝင်ဘာ 14, 2020
By Tachileik News Agency
တာချီလိတ်တွင် ထိုင်းနိုင်ငံမှ ပြန်လွှဲလာသည့် ပြစ်ဒဏ်စေ့များအား Quarantine ထားစဉ် ထွက်မပြေးရန်အတွက် လုံခြုံရေး တိုးမြှင့်ထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့၌ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် သတ်မှတ်ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို quarantine ထားရှိမည့် မိုးကုတ်ဝိပဿနာရိပ်သာတွင် လုံခြုံရေးအရေအတွက် တိုးမြှင့်ပေးထားကြောင်း သိရသည်။
“လုံခြုံရေးက မီးသတ်တပ်ဖွဲ့တွေ ထပ်တိုးထားတယ်။ မီးသတ် (၇) ယောက် ဖြစ်သွားမှာပေါ့။ အရင်က (၄) ယောက် လောက်ပဲရှိတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့လည်း ရှိတယ်။ သူတို့က ဖုန်းနဲ့ချိတ်ဆက်ပြီးတော့ ထွက်ပြေးကြလို့ ညနေ (၆) နာရီမှ ဖုန်းပြောခွင့်ပေးတယ်။ ည (၈) နာရီအထိ ဖုန်းပြောခွင့်ပေးတယ်။ ကြားမှာ အရေးကြီးရင် ပြောလို့ရတယ်။ ခြံတံခါးကနေထွက်လို့ သံစည်းကြိုးတွေ ကာထားတယ်။ ခြံဝန်းအပြည့် သံဆူးကြိုးခတ်ထားတယ်”ဟု  တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ထိန်းသိမ်းခံရပြီး တာချီလိတ်မြို့သို့ ပြန်လည်လွှဲပြောင်းလာသူများတွင် မူလဒေသမှ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူများလည်းပါဝင်ရာ ၎င်းတို့အား quarantine ပြီးပါက မူလနေရပ်ပြန်ပို့မည်ဖြစ်ရာ quarantine ထားရာနေရာမှ ထွက်ပြေးသွားတတ်၍ ယင်းကဲ့သို့ လုံခြုံရေးတိုးမြှင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံက ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၄၀) ဦးကို မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂) မှတစ်ဆင့် တာချီလိတ်ဘက်မှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးလာခြင်းဖြစ်ပြီး လွှဲပြောင်းလက်ခံထားသူများတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၈၃) ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၃၆) ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၈) ဦး၊ ကယားပြည်နယ်မှ (၃) ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၆) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁) ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၂) ဦးနှင့် မွန်ပြည်နယ်မှ (၁) ဦးပါဝင်ကြောင်း သိရသည်။  
ထိုင်းနိုင်ငံဘက်မှ ပြန်ဝင်လာသူများကို မိုးကုတ်ဝိပဿနာရှိ Quarantine Center တွင် အသွားအလာကန့်သတ်ပြီး COVID-19 စစ်ဆေးပြီး ရောဂါပိုးကင်းရှင်းမှ နေရပ်ပြန်ပို့ပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~