တာချီလိတ်မြို့တွင် အတည်ပြုလူနာနှင့်ထိတွေ့သူ (၇) ဦးကို စစ်ဆေးရာ (၄) ဦးတွင် COVID 19 ပိုးတွေ့

တာချီလိတ်မြို့တွင် အတည်ပြုလူနာနှင့်ထိတွေ့သူ (၇) ဦးကို စစ်ဆေးရာ (၄) ဦးတွင် COVID 19 ပိုးတွေ့
နိုဝင်ဘာ 27, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် အတည်ပြုလူနာနှင့်ထိတွေ့သူ (၇) ဦးကို စစ်ဆေးရာ (၄) ဦးတွင် COVID 19 ပိုးတွေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့သူ (၇) ဦးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့က RDT ဖြင့် စစ်ဆေးရာ (၄)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း သိရသည်။
ထိတွေ့ (၇)ဦးအနက် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၃)ဦးတွင် ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာနှင့်အတူ ကျိုင်းတုံသွားရောက်လည်ပတ်သူ (၄) ဦးအပါအဝင် နိုဝင်ဘာလ (၂၆) ရက်နေ့က အသွားအလာကန့်သတ်ထားသူ (၇) ဦးတွင် positive တွေ့ရခြင်းဖြစ်ကြောင်းသိရပြီး နိုဝင်ဘာလ (၂၇)ရက်နေ့ကလည်း အတည်ပြုလူနာအလုပ်လုပ်သည့် 1G1 7 ဟိုတယ်ဝန်ထမ်း (၁၇)ဦးအပါအဝင် အသွားအလာကန့်သတ်ထားသည့် (၂၁) ဦးကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာနှင့်ထိတွေ့သူ (၄)ဦးမှာ အသက် (၂၁)နှစ်မှ အသက် (၂၇)နှစ်ကြား အသက်အရွယ်များဖြစ်ကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသည့် ကျိုင်းတုံမှ (၃၁) ဦးကို နိုဝင်ဘာလ (၂၆) ရက်နေ့က စစ်ဆေးရာ အားလုံးတွင် Negative ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ (၂၇) ရက်နေ့တွင် တာချီလိတ်မှ ထိတွေ့သူ (၂၈) ဦးအနက် (၇) ဦးကို စစ်ဆေးရာ (၄)ဦး၌ COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ 1G1 7 ဟိုတယ်ဝန်ထမ်းတစ်ဦးသည် အနံ့ပျောက်သည့် (၃) ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ (၂၅) ရက်နေ့တွင် fever clinic သို့ လာရောက်ပြသရာမှ COVID 19 ပိုးတွေ့ရခြင်းဖြစ်သည်။
အဆိုပါအတည်ပြုလူနာထံမှ ကနဦးစုံစမ်းသိရှိရသည့် အချက်အလက်များအရ နိုဝင်ဘာလ (၂၅) ရက်နေ့၌ ၎င်းနှင့်အတူ ကျိုင်းတုံခရီးသွားခဲ့သူ (၄) ဦးနှင့်ထိတွေ့မှုရှိသူ (၃) ဦးကို တာချီလိတ်တွင် အသွားအလာ ကန့်သတ်ထားနိုင်ခဲ့ပြီး ယင်းနေ့မှာပင် ကျိုင်းတုံမှ (၃၁) ဦးကို အသွားအလာကန့်သတ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ထပ်မံစုံစမ်းသိရှိမှုအရ အဆိုပါအတည်ပြုလူနာသည် 1G1 7 ဟိုတယ်တွင် နိုဝင်ဘာလ (၁၆)ရက်နေ့အထိ အလုပ်လုပ်သူဖြစ်ကြောင်း သိရသဖြင့် အဆိုပါဟိုတယ်မှ ထိတွေ့မှုရှိသူ (၁၇)ဦးနှင့် လူနာဖြင့်ထိတွေ့မှုရှိသည်ဟု ဆက်သွယ်လာသူ (၄)ဦး စုစုပေါင်း (၂၁)ဦးတို့ကို နိုဝင်ဘာလ (၂၆)ရက်နေ့၌ ထပ်မံ၍ အသွားအလာကန့်သတ်လိုက်ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~