တာချီလိတ် အရှေ့မြို့ရှောင်လမ်းတွင် လမ်းခင်းထားသည့် စွန့်ပစ်သတ္တုမြေအတွင်း ရွှေ ဟု ထင်ကာ လာရောက် ကောက်ယူသူများပြား

တာချီလိတ် အရှေ့မြို့ရှောင်လမ်းတွင် လမ်းခင်းထားသည့် စွန့်ပစ်သတ္တုမြေအတွင်း ရွှေ ဟု ထင်ကာ လာရောက် ကောက်ယူသူများပြား
နိုဝင်ဘာ 20, 2020
By Tachileik News Agency

 

တာချီလိတ် အရှေ့မြို့ရှောင်လမ်းတွင် လမ်းခင်းထားသည့် စွန့်ပစ်သတ္တုမြေအတွင်း ရွှေ ဟု ထင်ကာ လာရောက် ကောက်ယူသူများပြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှ စက်မှုဇုန်သို့သွားသည့် အရှေ့မြို့ရှောင်လမ်းတွင် မြေသားလမ်းဖောက်လုပ်နေရာ  သတ္တုလုပ်ငန်းရှင်များမှ မဂ္ဂနိဒိုင်အောက်ဆိုဒ် စွန့်ပစ်ကျောက်များခင်းကျင်းပေးရာတွင် ယင်းသတ္တုများအတွင်းမှ ရွှေပါသည်ဆိုကာ မြို့တွင်းနေသူများမှ လာရောက်ကောက်ယူမှု များပြားကြောင်း သိရသည်။
“အဲဒါတွေက ကျွန်တော်တို့ စွန်ပစ်ထားတဲ့ကျောက်တွေ၊ ဘာမှသုံးမရဘူး။ ရွှေပါရင် ကျွန်တော်တို့က စွန့်ပစ်မလား။ ကျွန်တော်တို့တောင် ဘာမှသုံးမရတော့လို့ လမ်းခင်းထားတဲ့ ကျောက်တွေပါ။”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များအသင်းမှ အမှတ်(၁)သတ္တုရေးရာကော်မတီ ဥက္ကဌ ဦးတင်နွယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့ နေ့ခင်းပိုင်းက စတင်ပြီး ညနေ(၅)နာရီအထိ စွန့်ပစ်သတ္တုများထဲမှရွှေပါသည်ဆိုကာ လူအများအပြား လာရောက်ကောက်ယူရာတွင် ဟောင်လိတ်နယ်မြေရဲကင်းစခန်းမှ တာဝန်ရှိသူများက ရွှေမဟုတ်ကြောင်း လိုက်လံအသိပေးနေရပြီး မကောက်ယူဖို့ ပြောကြားနေသည်ကို တွေ့ရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~