Covid-19 အတည်ပြုလူနာ (၄)ဦး ကျန်နေသေးသည့် ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်

Covid-19 အတည်ပြုလူနာ (၄)ဦး ကျန်နေသေးသည့် ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်
နိုဝင်ဘာ 20, 2020
By Tachileik News Agency
Covid-19 အတည်ပြုလူနာ (၄)ဦး ကျန်နေသေးသည့် ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက်  Mask Campaign ပြုလုပ်
လက်ရှိတွင် Covid-19 အတည်ပြုလူနာ (၄)ဦး ကျန်နေသေးသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း Covid-19 ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask) အခုရေ (၅၀၀၀)ကို နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်း Mask Campaign ပြုလုပ်ကာ ပေးဝေပြီး အသိပညာပေးအဖြစ်  ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
"ကိုဗစ်ရောဂါပျံ့ပွားနေတဲ့ ကာလ ဖြစ်တဲ့အတွက် ပြည်သူလူထုအတွင်း နှာခေါင်းစည်း(Mask)တပ်ဆင်ဖို့ အသိပညာပေး ပြုလုပ်ရင်းနဲ့ Mask တွေပါ ပေးဝေခဲ့တာပါ။ Campaign လုပ်ရင်းနဲ့ ယာဥ်/လမ်း စည်းကမ်း အသိပညာပေး တခါတည်း ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်"ဟု ကျောက်မဲရှိ အမှတ် (၁၂၄)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဝေလင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Mask Campaign ပြုလုပ်သည့် အစီအစဥ်ကို ကျောက်မဲရှိ လူစည်ကားရာ နေရာများဖြစ်သော မနက်ခင်းစျေး ( မင်္ဂလာစျေး )နှင့် အမှတ် (၈)ရပ်ကွက်ရှိ အခွန်လွတ်စျေးတို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးလျှင် တပ်ဆင်ရန် Mask (၁)ခုနှင့် ထပ်မံအသုံးပြုနိုင်ရန် အသင့် ထုတ်ထားသော Mask (၅)ခုကို ပေးဝေခဲ့ခြင်းဖြစ်သည်။
 
ကျောက်မဲမြို့နယ်တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၁)ဦးအထိ ရှိရာ  (၇)ဦးမှာ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်၍ လက်ရှိတွင် ကုသမှုခံယူနေသူ (၄)ဦးကျန်ရှိနေသေးကြောင်း သိရှိရသည်။
ကျောက်မဲမြို့နယ်အတွင်း မန္တလေး- ကျောက်မဲ- လားရှိုး လမ်းပိုင်းတွင် သွားလာနေသော ကုန်တင်ယာဥ်များမှ ယာဥ်မောင်း နှင့် ယာဥ်နောက်လိုက် အချို့ နှင့် ရောဂါပိုးကူးစက်ပျံ့ပွားနေသည့် အခြားမြို့များမှ ကျောက်မဲမြို့သို့ ပြန်လာသူ အချို့သည် Covid-19 စစ်ဆေးရေးစခန်း( Check Point )တွင် သတင်းမပို့ဘဲ မြို့တွင်းသို့ အခြားနည်းဖြင့် ဝင်ရောက်ကာ မိမိတို့ နေအိမ်များတွင် ဝင်ရောက်နေထိုင်ခြင်းများရှိနေခြင်းဖြစ်၍ ခိုးဝင်လာသူများကို တွေ့ရှိရပါက ဖုန်း ၀၈၂-၄၀၀၂၃ နှင့် ၀၈၂၄၀၀၂၄ သို့ ဆက်သွယ် သတင်းပေးနိုင်ကြောင်းလည်း အသိပေးထားရှိသည်။ 
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~