တာချီလိတ်တွင် အမျိုးသားတစ်ဦးအား ဓါးဖြင့်ထိုးပြီး ကားဖြင့်ခေါ်ဆောင်ထားသည့် အဖွဲ့အား ဖမ်းဆီးထားပြီး သက်သေခံပစ္စည်းများ သွားရောက် သိမ်းဆည်းနေ

တာချီလိတ်တွင် အမျိုးသားတစ်ဦးအား ဓါးဖြင့်ထိုးပြီး ကားဖြင့်ခေါ်ဆောင်ထားသည့် အဖွဲ့အား ဖမ်းဆီးထားပြီး သက်သေခံပစ္စည်းများ သွားရောက် သိမ်းဆည်းနေ
နိုဝင်ဘာ 14, 2020
By Tachileik News Agency
တာချီလိတ်တွင် အမျိုးသားတစ်ဦးအား ဓါးဖြင့်ထိုးပြီး ကားဖြင့်ခေါ်ဆောင်ထားသည့် အဖွဲ့အား ဖမ်းဆီးထားပြီး သက်သေခံပစ္စည်းများ သွားရောက် သိမ်းဆည်းနေ 
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုး၍ ဖမ်းဆီးခေါ်ဆောင်သွားသည့် အဖွဲ့ကို (၃)ရက်မြောက်နေ့ဖြစ်သည့်  ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေပိုင်း၌ ဖမ်းဆီးရမိထားပြီး ဓါးဖြင့် ထိုးခံရ၍ ဒဏ်ရာရထားရသူကိုလည်း ဆေးကုသမှုပေးနေပြီဖြစ်သည်။
တာချီလိတ်မြို့ပတ်လမ်းရှိ နေအိမ်တစ်လုံးတွင် အဖမ်းခံထားရသည့် အမျိုးသားအား ဖမ်းဆီးချုပ်နှောင်ထားသည်ကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး ဦးဆောင်သည့် ရဲတပ်ဖွဲ့က ညနေပိုင်းအချိန်တွင် ဖေါ်ထုတ်ဖမ်းဆီးရမိပြီး တရားခံများ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ဒဏ်ရာရထားသည့် ဖမ်းဆီးခံရသူအား ဆေးရုံတွင်ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ခြင်းနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းတို့ကို ည(၈)နာရီအထိ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။
ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဝမ်မိုင်ရွာမှ အိမ်ခန်းငှား အဆောက်အဦခြံဝန်းအတွင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ ညနေ (၃) နာရီခွဲကျော်ဝန်းကျင်က အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦးပါဝင်သည့် မော်တော်ယာဉ် (၁) စီးနှင့် ဆိုင်ကယ်စီးလာသည့် အမျိုးသား (၁) ဦးတို့ ရောက်လာပြီး ဆိုင်ကယ်စီးလာသည့် အမျိုးသားအား ဓားဖြင့်ထိုးကာ ကားပေါ်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူများအား ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးနေဆဲဖြစ်သည့်အပြင် သက်သေခံပစ္စည်းများကိုလည်း သွားရောက် သိမ်းဆည်းနေဆဲဖြစ်၍ ရဲတပ်ဖွဲ့က ဖြစ်စဉ်များကို မကြာမီတွင် ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။
ပုံအညွှန်း - သက်သေခံပစ္စည်းသိမ်းရန် ရဲစခန်းမှ ထွက်ခွာစဉ်
( သတင်းအပြည့်အစုံ ဆက်လက်ဖော်ပါမည် )
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~