ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦး ထပ်တိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦး ထပ်တိုး
နိုဝင်ဘာ 14, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦး ထပ်တိုး
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် (၁၀၃)ဦး၏ ဓါတ်ခွဲနမူနာများကို နိုဝင်ဘာလ (၁၄)ရက်နေ့ အဖြေအရ နယ်ဝေးက လာသူ (၃)ဦးတွင် Covid-19 ပိုးတွေ့ရကြောင်း သိရသည်။

အဆိုပါ ဓါတ်ခွဲနမူနာများကို ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့က ပေးပို့ထားခြင်းဖြစ်ပြီး Covid-19 ပိုးတွေ့ရှိသည့် (၃)ဦးမှာ ရန်ကုန်မြို့ရှိ မှန်ဘီလူးစက်ရုံက ပြန်လာပြီး ကျောက်မဲမြို့တွင် Quarantine သတ်မှတ်ထားသူဖြစ်ကာ ကျန်တစ်ဦးမှာ မြဝတီမြို့က ပြန်လာသူ ဖြစ်ကြောင်း သိရသည်။ 

“သူတို့က ခရီးက ပြန်ရောက်ပြီဆိုတာနဲ့ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို သတင်းပို့ပြီး Facility Quarantine Center တွေစီ တိုက်ရိုက်သွားခဲ့တဲ့သူတွေဖြစ်တဲ့အတွက် ပြင်ပ ထိစပ်မှုတော့မရှိပါဘူး။ ဓါတ်ခွဲအဖြေရပြီးတာနဲ့ ချက်ချင်းပဲ ခရိုင်ပြည်သူ့ဆေးရုံမှာရှိတဲ့ isolation ward ကို စနစ်တကျပို့ဆောင်ပေးထားပါတယ်၊ သူတို့ (၃)ဦး အပါအဝင် လောလောဆယ်ထိ ကျောက်မဲမှာ ကုသနေတဲ့ ကိုဗစ်ပိုးတွေ့လူနာ (၄)ဦးရှိပါတယ်”ဟု ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ ကျောက်မဲ ဒုတိယခရိုင် ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရန်ကုန်ရှိ မှန်ဘီလူးစက်ရုံတွင် အလုပ် လုပ်ပြီး ကျောက်မဲသို့ ပြန်လာကာ အမှတ်( ၃ ) အခြေခံပညာ အလယ်တန်း ကျောင်းတွင် အသွားအလာ ကန့်သတ်ထားသူ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး နှင့် မြဝတီမြို့က ပြန်လာ၍ အမှတ်( ၈ )ရပ်ကွက် ရက်ကန်းကျောင်းတွင် အသွားအလာ ကန့်သတ်ထားသည့် အမျိုးသားတစ်ဦးတို့တွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။
Covid-19 စတင်ကတည်းက လက်ရှိ အချိန်ထိ ကျောက်မဲတွင် Covid-19 ပိုးတွေ့သူ စုစုပေါင်း (၁၀)ဦးရှိခဲ့ရာ ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းရသူ (၆)ဦးရှိသွားပြီး လက်ရှိတွင် (၄)ဦးမှာ ဆေးဝါးကုသမှု ခံယူနေသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - တောင်ပေါ်သားလေး
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~