ကယားပြည်နယ်တွင် အတည်ပြုလူနာ (၅) ယောက်တွေ့ရပြီးနောက် quarantine center များတွင် အထိအတွေ့ ပိုနည်းစေရန် စီစဉ်နေ

ကယားပြည်နယ်တွင် အတည်ပြုလူနာ (၅) ယောက်တွေ့ရပြီးနောက် quarantine center များတွင် အထိအတွေ့ ပိုနည်းစေရန် စီစဉ်နေ
အောက်တိုဘာ 25, 2020
By 🌸
ကယားပြည်နယ်တွင် အတည်ပြုလူနာ (၅) ယောက်တွေ့ရပြီးနောက် quarantine center များတွင် အထိအတွေ့ ပိုနည်းစေရန် စီစဉ်နေ
ကယားပြည်နယ်တွင် အတည်ပြုလူနာ (၅)ဦးတွေ့ရှိထားပြီဖြစ်၍  quarantine center များ၌ တစ်ဦးနှင့်တစ်ဦး အထိအတွေ့နည်းစေရန် ယခင်ထက် တင်းကြပ်စွာဆောင်ရွက်နေပြီဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့ ညပိုင်းတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

“quarantine ဆိုတဲ့သဘောတရားကတော့ ဘယ်သူနဲ့မှ မတွေ့အောင်လို့ ခွဲခြားထားတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ လူမျိုးတွေကလည်း သိတဲ့အတိုင်းပဲ။ သူတို့ကို အကျဉ်းချထားတယ် ထင်မှာစိုးတဲ့အတွက်ကြောင့် အဲဒါတွေက အားနည်းချက်တွေ ဖြစ်သွားတယ်။ မကူးစက်သေးတော့လည်း ကျွန်တော်တို့ ပြောတာက တားမြစ်တယ်၊ ချုပ်ခြယ်တယ်လို့ ထင်ကြမှာပေါ့လေ။ အခုလိုကျတော့ ကူးစက်ကုန်တဲ့အခါကျတော့ မကောင်းဘူးပေါ့။ “

ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လွိုင်ကော်မြို့ရှိ quarantine center တွင် quarantine ဝင်နေသူတစ်ဦးကို အောက်တိုဘာလ (၂၃) ရက်နေ့၌ COVID 19 အတည်ပြုလူနာအဖြစ် တွေ့ရပြီးနောက် အဆိုပါ အတည်ပြုလူနာနှင့် quarantine center ၌ တစ်ခန်းထဲအတူနေသူ (၁) ဦးအပြင် စကားလာပြောသည့် quarantine ဝင်နေသူ (၂) ဦးတွင်လည်း COVID 19 ပိုးရှိနေကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့၌ ဓာတ်ခွဲအဖြေထပ်မံရရှိခဲ့ရခြင်းဖြစ်သည်။

“ အဓိကကတော့ တစ်ခန်းထဲနေတဲ့သူတို့၊ အကြာကြီး စကားပြောမိတဲ့သူတို့က ကူးစက်ခံရနိုင်ချေ မြင့်တယ်ဆိုတာ လက်တွေ့လည်း တွေ့လိုက်ရတဲ့ သဘောပါ။ အခုတွေ့ရတဲ့သူတွေကလည်း အနီးကပ်နေလို့ ကူးတယ်လို့ ယူဆလို့ရသလို ရန်ကုန်ကနေ ပါလာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အပြတ်ပြောနိုင်တဲ့ အနေအထားတော့ မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် စကားပြောရင်၊ တစ်ယောက်နဲ့ တစ်ယောက် (၁၅)မိနစ်ထက်ပိုပြီး ကြာကြာတွေ့ရင် ပိုပြီးကူးစက်နိုင်မယ့် အခွင့်အရေးများပါတယ်။ ဒီကြားထဲမှာမှ Mask တပ်ထားခြင်းမရှိဘူးဆိုရင် ပိုပြီး ကူးစက်နိုင်ချေများပါတယ်။ နောက်တစ်ခုကတော့ စနစ်တကျ လက်ဆေးတာတွေ ဘာတွေမရှိဘူးဆိုရင်လည်း ကူးစက်နိုင်ချေများပါတယ်။ “

ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။
အတည်ပြုလူနာများ ထပ်တိုးတွေ့ရမှုကြောင့် quarantine center အား ယခင်ထက်ပိုမို တင်းကြပ်ရန်ဆောင်ရွက်ရခြင်းဖြစ်ပြီး လူထုအနေဖြင့်လည်း ရောဂါမပျံ့ပွားရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

“ဧည့်သည်တွေ ပေးမတွေ့တော့ဘူး။ ထမင်းလည်း quarantine center ကိုပဲ ပိုက်ဆံသွင်းပြီး ဒီကပဲ ထမင်းထုပ်ပို့ပေးပါတော့တယ်။ အရင်တုန်းကတော့ ကိုယ့်အိမ်ကကိုယ် ပို့လို့ရတယ်။ အရင်တုန်းကတော့ ရောဂါလည်း မတွေ့ဘူး။ ကိုယ့်လူတွေကိုယ်လည်း တအားကြီး အကျပ်အတည်းဖြစ်မှာစိုးလို့ တအားကြီး မတင်းကြပ်ဘူးပေါ့။ စားစရာလေးတွေ လာပို့တာ၊ ပစ္စည်းလာပို့တာတွေတော့ ရှိပါတယ်။”

ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။
ကယားပြည်နယ်၏ ပထမဆုံး Covid-19 အတည်ပြုလူနာကို အောက်တိုဘာလ (၁၅) ရက်နေ့တွင် လည်းကောင်း၊ ဒုတိယမြောက် အတည်ပြုလူနာကို အောက်တိုဘာလ (၂၃) ရက်နေ့တွင် လည်းကောင်းတွေ့ခဲ့ရပြီးနောက် အောက်တိုဘာလ (၂၄) ရက်နေ့၌ အတည်ပြုလူနာ (၃) ဦး ထပ်တိုးလာခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်တွင် အောက်တိုဘာလ (၂၄) ရက်နေ့အထိ အတည်ပြုလူနာစုစုပေါင်း (၅) ဦးရှိပြီး ၎င်းတို့အားလုံးမှာ ရန်ကုန်မှ  ပြန်လာသူများဖြစ်ကြသည်။
အတည်ပြုလူနာများကို လွိုင်ကော်ပြည်သူ့ဆေးရုံ၌ ကုသပေးနေပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
❂ #TachileikNewsAgency #TNA #TachileikOnlineNews  #Tachileik #Myanmar #MyanmarNews #MyanmaronlineNews❂

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~