လွိုင်ကော်မြို့ရှိ ပိုးတွေ့လူနာနှင့် ထိတွေ့မိခဲ့သူ (၃)ဦးအား ပထမအကြိမ် စစ်ဆေးမှုတွင် COVID 19 ပိုးမတွေ့

လွိုင်ကော်မြို့ရှိ ပိုးတွေ့လူနာနှင့် ထိတွေ့မိခဲ့သူ (၃)ဦးအား ပထမအကြိမ် စစ်ဆေးမှုတွင် COVID 19 ပိုးမတွေ့
အောက်တိုဘာ 17, 2020
By 🌸
လွိုင်ကော်မြို့ရှိ  ပိုးတွေ့လူနာနှင့် ထိတွေ့မိခဲ့သူ (၃)ဦးအား ပထမအကြိမ် စစ်ဆေးမှုတွင် COVID 19 ပိုးမတွေ့
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ Covid-19 အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူ လူနာတင်ယာဉ်မောင်း (၂)ဦးအပါအဝင် ထိတွေ့သူ (၃) ဦးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့၌ Test Kit ဖြင့် ပထမအကြိမ်စစ်ဆေးရာ COVID 19 ပိုးမတွေ့ရကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီအတည်ပြုလူနာကို  လိုက်ပို့တဲ့ကားသမားတွေလည်း စစ်ဆေးတာ အကုန်  Negativeပါ။ နောက်ပြီး လူနာနဲ့ contact  ဖြစ်ခဲ့တဲ့ သူ့ရဲ့သူငယ်ချင်းကို စစ်ဆေးခဲ့တာလည်း Negativeပါပဲ ။ ”ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပိုးတွေ့လူနာအား ရန်ကုန်မှ လွိုင်ကော်မြို့အဝင်သို့  ပီကင်းကောခူဂိတ်သို့ အောက်တိုဘာလ (၆) ရက်နေ့က ရောက်လာစဉ် အဆိုပါမြို့ဝင်စစ်ဆေးရေးဂိတ်မှ လွိုင်ကော်ပညာရေးကောလိပ်ရှိ Quarantine Center ပို့ဆောင်ပေးခဲ့သည့် ရွှေလွိုင်ကော်ပရဟိတအဖွဲ့မှ ယာဉ်မောင်းနှင့် အတူပါသူ အဖွဲ့ဝင်တစ်ဦးကိုလည်းကောင်း အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သူ သူငယ်ချင်းဖြစ်သူတို့အား အတည်ပြုလူနာ ဓာတ်ခွဲအဖြေရသည့် အောက်တိုဘာလ (၁၅)ရက်နေ့ကတည်းက အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။
 COVID 19 ပိုးတွေ့ရှိခဲ့သူ အမျိုးသမီးမှာ လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးမှ သူနာပြုတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့သို့ မျက်စိ၊နား၊နှာခေါင်း ၊လည်ချောင်း အထူးကု (၉)လ သင်တန်းတက်ရောက်ရန် ရန်ကုန်မြို့သို့ သွားရောက်ခဲ့သူဖြစ်ပြီး အောက်တိုဘာလ (၅)ရက်နေ့၌ အငှားယာဉ်ဖြင့် လွိုင်ကော်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မှပြန်လာသူဖြစ်၍ လွိုင်ကော်ပညာရေးကောလိပ်ရှိ quarantine center တွင် ထားရှိကာ ဓာတ်ခွဲနမူနာအား တောင်ကြီးသို့ပို့စစ်ခဲ့ရာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့ ဓာတ်ခွဲအဖြေအရ COVID 19 ပိုးတွေ့ရကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~