ကျောက်မဲမြို့တွင် ရေဆိုးမြောင်းအတွင်း အသက်ရှင်နေဆဲဖြစ်သည့် မွေးကင်းစ ကလေးငယ်အား စွန့်ပစ်ထားသည်ကို တွေ့ရှိ

ကျောက်မဲမြို့တွင် ရေဆိုးမြောင်းအတွင်း အသက်ရှင်နေဆဲဖြစ်သည့် မွေးကင်းစ ကလေးငယ်အား စွန့်ပစ်ထားသည်ကို တွေ့ရှိ
အောက်တိုဘာ 25, 2020
By Tachileik News Agency

ကျောက်မဲမြို့တွင် ရေဆိုးမြောင်းအတွင်း အသက်ရှင်နေဆဲဖြစ်သည့် မွေးကင်းစ ကလေးငယ်အား စွန့်ပစ်ထားသည်ကို တွေ့ရှိ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ အမှတ် (၈)ရပ်ကွက်ရှိ ရေဆိုးမြောင်းအတွင်း အောက်တိုဘာလ (၂၅) ရက် နံနက်အစောပိုင်းက ကျွပ်ကျွပ်အိတ်ဖြင့် ထုတ်၍ လွှင့်ပစ်ခံထားရသည့် မွေးကင်းစကလေးအား အနီးရှိ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးက မွေးစားလိုက်ကြောင်း သိရသည်။
"မနက် (၄)နာရီခွဲလောက်မှာ အိမ်နောက်ကရေဆိုးမြောင်းထဲက ကလေးငိုသံကြားလို့ ကျွန်မရဲ့ မောင်ဖြစ်သူက သွားကြည့်တယ်။ ပုဆိုးနဲ့ထုပ်ထားပြီး ကျွပ်ကျွပ် အိတ်နဲ့ ထုပ်ထားတဲ့ အထုပ် တစ်ထုပ်ကို ရေထဲမှာ တွေ့လို့ တုတ်နဲ့ လှမ်းဆွဲယူလိုက်တော့ မွေးကာစ ကလေးလေး( ယောကျ်ားလေး)ကို အချင်းတန်းလန်းနဲ့ တွေ့လိုက်တာ"ဟု ကလေးငယ်အား မွေးစားလိုက်သည့် ရွှေတေး စားသောက်ဆိုင်ပိုင်ရှင် မစံပါယ် က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
အဆိုပါ ကလေးကို အမှတ် (၈)ရပ်ကွက် နယ်မြေ (၁)ရှိ လူနေအိမ်များအကြား ဖြတ်သန်းသွားသော ရေဆိုးမြောင်းအတွင်း စွန့်ပစ်ထားခဲ့ခြင်းဖြစ်ပြီး ကလေးအား မွေးစားခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးနှင့်  ကျန်းမာရေးဌာနသို့ အကြောင်းကြားထားပြီးဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ကျောက်မဲမြို့ သစ်တောလမ်းကြားအတွင်းရှိ စည်းကမ်းမဲ့စွန့်ပစ်ကြသော အမှိုက်ပုံတွင် မွေးကင်းစ( သေဆုံးနေသော ) ကလေး ခန္ဓာကိုယ်တစ်ခုကို လာရောက်စွန့်ပစ်ထားသည့် ဖြစ်စဥ် ရှိခဲ့ဖူးသည်။
  Tachileik News Agency
သတင်း / ဓါတ်ပုံ - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~