ကျိုင်းတုံမြို့တွင် ရန်ကုန်က ပြန်လာသည့် အမျိုးသမီးတစ်ဦးထံမှ Covid-19 ပိုးတွေ့

ကျိုင်းတုံမြို့တွင် ရန်ကုန်က ပြန်လာသည့် အမျိုးသမီးတစ်ဦးထံမှ Covid-19 ပိုးတွေ့
အောက်တိုဘာ 27, 2020
By Tachileik News Agency

ကျိုင်းတုံမြို့တွင် ရန်ကုန်က ပြန်လာသည့် အမျိုးသမီးတစ်ဦးထံမှ Covid-19 ပိုးတွေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ရန်ကုန်မှပြန်လာ၍ Quarantine ထားသူများထဲက အမျိုးသမီးတစ်ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့၌ ဓာတ်ခွဲအဖြေရသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ကုသမှုခံယူဆဲ အတည်ပြုလူနာ (၃)ဦးအထိ တိုးလာပြီဖြစ်သည်။
"ရန်ကုန်ကပြန်လာတဲ့ မိသားစုထဲက (၂၆)နှစ်အရွယ် အမျိုးသမီးတစ်ယောက်ပါ။ လောလောဆယ်တော့ quarantine center ထဲက sample အကုန်ပို့ထားတာပဲ။ တစ်ယောက် positive ထွက်ထားတော့ မနက်ဖြန်မှာတော့ အားလုံးကို RDT နဲ့ ထပ်စစ်မယ်။ နောက် (၂)ရက်နေရင် RDT နဲ့ ထပ်စစ်မယ်။ ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ ဘာလက္ခဏာမှ မရှိပါဘူး"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိထပ်တိုးလာသည့် အတည်ပြုလူနာ (၁)ဦးကို ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးမည်ဖြစ်ပြီး မိုင်းပျဉ်းပြည်သူ့ဆေးရုံ၌ အတည်ပြုလူနာ (၂) ဦးတို့ကို ကုသပေးနေဆဲဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အောက်တိုဘာလ (၂၇)ရက်နေ့အထိ အတည်ပြုလူနာစုစုပေါင်း (၁၂) ဦးတွေ့ရှိထားသည့်အနက် (၉) ဦးမှာ ကျိုင်းတုံပြည်သူ့ဆေးရုံ၊ မိုင်းတုံပြည်သူ့ဆေးရုံနှင့် မိုင်းဆတ်ပြည်သူ့ဆေးရုံတို့တွင် ကုသမှုခံယူပြီးနောက် ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~