မြဝတီ - မဲဆောက်အကြား ကုန်သွယ်ရေးဂိတ်အားလုံးကို ထိုင်းနိုင်ငံဘက်က အောက်တိုဘာ (၂၅)အထိ ပိတ်ထားမည်

မြဝတီ - မဲဆောက်အကြား ကုန်သွယ်ရေးဂိတ်အားလုံးကို ထိုင်းနိုင်ငံဘက်က အောက်တိုဘာ (၂၅)အထိ ပိတ်ထားမည်
အောက်တိုဘာ 18, 2020
By Tachileik News Agency

 

မြဝတီ - မဲဆောက်အကြား ကုန်သွယ်ရေးဂိတ်အားလုံးကို ထိုင်းနိုင်ငံဘက်က   အောက်တိုဘာ (၂၅)အထိ ပိတ်ထားမည်

မြန်မာဘက်ခြမ်းမှ လာရောက်သူများတွင် COVID 19 တွေ့ရှိမှုတိုးလာနေသဖြင့် မြဝတီ - မဲဆောက်ကြား မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)မှ ကုန်သွယ်မှုအပါအဝင် သဘာဝဂိတ်များ အားလုံးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့ ထိုင်းစံတော်ချိန် ညနေ (၃)နာရီမှစ၍ အောက်တိုဘာလ (၂၅)ရက်နေ့အထိ ပိတ်ထားရန် ထိုင်းနိုင်ငံဘက်က ပိတ်ထားရန် အောက်တိုဘာလ (၁၇)ရက်နေ့တွင် ထိုင်းဘက်က ထုတ်ပြန်လိုက်ပြီး မြန်မာဘက်ခြမ်းက အဆိုပါကိစ္စအား ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။ 
“မြန်မာနိုင်ငံဘက်ခြမ်းမှလည်း ယမန်နေ့ကတည်းက တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးမှTBC စကားပြန်မှတစ်ဆင့် အဆိုပြုချက်အား ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုသို့ ဆက်လက်အစီရင်ခံတင်ပြထားပြီးဖြစ်ပါသည်။ ထိုင်းနိုင်ငံတာ့ခ်ခရိုင်ဘက်မှ တံတားပြန်လည်ဖွင့်လှစ်လိုကြောင်း အဆိုပြုလာပါကလည်း အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ရပါမည်။”ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အောက်တိုဘာလ (၁၈)ရက်နေ့တွင် အသိပေးထားသည်။
ထိုင်းနိုင်ငံဘက်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)နှင့် သဘာဝဂိတ်များအားလုံးကို ပိတ်ထားရန် တာ့ခ်ခရိုင်မှအမိန့်ထုတ်ပြန်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးတာဝန်ပူးတွဲတာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယဝန်ကြီးချုပ်လည်း အောက်တိုဘာလ (၁၈)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမည်ဟု ထိုင်း The Nation သတင်းတွင် ဖေါ်ပြထားချက်အရ သိရသည်။
COVID 19 ကာလအတွင်း မြဝတီ - မဲဆောက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကို မော်တော်ယာဉ်မောင်း (၁) ဦးသာပါဝင်သည့် ကုန်တင်ယာဉ်များဖြင့် ဖြတ်သန်းခွင့်ပြုနေရာမှ မြဝတီဘက်မှ ကုန်တင်ယာဉ်မောင်း (၃)ဦးကို မဲဆောက်ဘက်တွင် စစ်ဆေးရာ COVID 19 ပိုးတွေ့ခဲ့ရပြီးနောက် မဲဆောက်ဘက်တွင်နေထိုင်ကာ ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဇနီးမောင်နှံတွင်လည်း ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည့်အပြင် အခြားမိသားစုဝင် (၃)ဦးတွင်လည်း ကူးစက်ခံထားရသည်ကို အောက်တိုဘာလ (၁၆) ရက်နေ့က ပထမအကြိမ်စစ်ဆေးမှုအတွင်း တွေ့ရသဖြင့် ထပ်မံစစ်ဆေးထားကြောင်း ထိုင်းနိုင်ငံဘက်က သတင်းထုတ်ပြန်သည်။
ယင်းအပြင် မြဝတီမြို့နှင့်နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ဘက်တွင် COVID 19 စစ်ဆေးပေးခြင်းကို ထိုင်းကျန်းမာရေးဌာနက လုပ်ဆောင်နေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက် 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~