ကျောက်မဲမြို့နယ်တွင်း မဲရုံတာဝန်ကျ အထူးရဲ (၁၀၀)ဦးတွင် Covid-19 ပိုးမတွေ့

ကျောက်မဲမြို့နယ်တွင်း မဲရုံတာဝန်ကျ အထူးရဲ (၁၀၀)ဦးတွင် Covid-19 ပိုးမတွေ့
အောက်တိုဘာ 12, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်တွင်း မဲရုံတာဝန်ကျ အထူးရဲ (၁၀၀)ဦးတွင် Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန်ချထားမည့် အထူးရဲ (၁၀၀)ကျော်အနက် (၁၀၀)ဦးကို အောက်တိုဘာလ(၁၂)ရက်နေ့တွင် RDT Antigen Test များဖြင့် Covid-19 စစ်ဆေးရာ အားလုံးတွင် ပိုးမတွေ့ရကြောင်း သိရသည်။ 
"မဲရုံတာဝန်ကျ အထူးရဲက (၁၁၁)ဦး ရှိပေမယ့် ပုံဝိုးဘက်က (၁၁)ဦးက မလာနိုင်တဲ့အတွက် (၁၀၀)ဦးကိုပဲ စစ်ဆေးခဲ့ပါတယ်၊ (၁၀၀)လုံးမှာ ပိုးမတွေ့ပါဘူး"ဟု ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ ကျောက်မဲ ဒုတိယ ခရိုင်  ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း လျာထားမဲရုံ (၁၁၁)ရုံတွင် ရွေးကောက်ပွဲကာလ မဲရုံများ၌ ထားရှိမည့် အထူးရဲ (၁၁၁ )ဦး ရှိပြီး ၎င်းတို့အနက်မှ လက်တလော တိုက်ပွဲဖြစ်ပွားနေသည့် ပုံဝိုးနယ်မြေရဲစခန်းရှိ အထူးရဲ (၁၁)ဦးမှာ လာရောက် စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ကျန် (၁၀၀)ဦးကိုသာ ကျောက်မဲမြို့မရဲစခန်းတွင် စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
ကျန်ရှိသည့် (၁၁)ဦးကိုလည်း ဆက်လက်၍ Covid-19 စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
ကျောက်မဲမြို့တွင် အောက်တိုဘာ (၁၀)ရက်နေ့က နှာခေါင်း/ အာခေါင် တို့ဖတ်ရယူကာ ဓါတ်ခွဲစစ်ဆေးထားသည့် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများအနက် ရန်ကုန်မှ လာသည့် ကျောင်းဆရာမတစ်ဦးတွင် အောက်တိုဘာလ (၁၂)ရက်နေ့၌ Covid-19 ပိုးတွေ့ရှိကြောင်း အဖြေရ၍ ကျောက်မဲဆေးရုံတွင် ကုသပေးနိုင်ရန် ထားရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း  - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~