ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များကို မလိုက်နာသည့် စားသောက်နှင့်ဈေးဆိုင်များကို (၇)ရက် ပိတ်စေသည့် နည်းဖြင့် စုစုပေါင်း (၅)ဆိုင်ကို အရေးယူထား

ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များကို မလိုက်နာသည့် စားသောက်နှင့်ဈေးဆိုင်များကို (၇)ရက် ပိတ်စေသည့် နည်းဖြင့် စုစုပေါင်း (၅)ဆိုင်ကို အရေးယူထား
အောက်တိုဘာ 12, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များကို မလိုက်နာသည့် စားသောက်နှင့်ဈေးဆိုင်များကို (၇)ရက် ပိတ်စေသည့် နည်းဖြင့်   စုစုပေါင်း (၅)ဆိုင်ကို အရေးယူထား
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင်  Covid-19 ကာကွယ်ရေးအတွက် သတ်မှတ်စည်းကမ်းများနှင့် လိုက်နာရန် နည်းလမ်းများကို မလိုက်နာသည့်အတွက် ဆိုင် (၇)ရက်ပိတ်စေသည့် အရေးယူမှုဖြင့် အရေးယူထားသည်မှာ အောက်တိုဘာလ (၁၂)ရက်နေ့တွင် စုစုပေါင်း (၅)ဆိုင်ရှိနေပြီဖြစ်ကြောင်း သိရသည်။
"Take Away စနစ်ကို မလိုက်နာလို့ ရောင်းချခွင့် (၇)ရက် ရပ်နားထားစေတာက ဒီနေ့အထိ (၄)ဆိုင်ရှိတယ်။ ဗဟိုစျေးထဲမှာ ရွေး/ကော် က အသိပညာပေး စာဆောင်ဖြန့်ဝေနေတုန်း Mask မတပ်ပဲ စျေးရောင်းချနေတဲ့ ဆိုင်တစ်ဆိုင်ကိုတွေ့လို့ ကိုဗစ်ကာကွယ်ရေး အနေနဲ့ စျေးရောင်း/ စျေးဝယ်တဲ့အခါ Mask တပ်ရမယ် ဆိုတဲ့ အချက်ကို မလိုက်နာတဲ့အတွက် အဲ့ဆိုင်ကိုလဲ ရောင်းချခွင့် (၇)ရက် ရပ်နား ထားစေတယ်၊ (၇)ရက် ပိတ်စေခဲ့တာ စုစုပေါင်း (၅)ဆိုင်ရှိပါပြီ"ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦး က အောက်တိုဘာ (၁၂)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Covid-19 ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ကျောက်မဲမြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ရှိ စားသောက်ဆိုင် နှင့် ထမင်းဆိုင်များ အပါအဝင် မြို့တွင်းရှိ ဆိုင်များကိုလည်း စက်တင်ဘာလ (၆)ရက်နေ့က စတင်၍ ပါဆယ် စနစ် ( Take Away ) ဖြင့်သာ ရောင်းချစေခဲ့ ခြင်းဖြစ်သည်။
ချမှတ်ထားသော စည်းကမ်းချက်များအား စျေးဆိုင်များက လိုက်နာမှုရှိ မရှိကို မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ် ကိုဗစ်ကော်မတီ နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း ပါဝင်သည့် အဖွဲ့များဖြင့် နေ့စဥ် ရှောင်တခင်လိုက်လံ စစ်ဆေးမှုများ လုပ်ဆောင် နေခြင်းဖြစ်ပြီး စည်းကမ်းဖေါက်ဖျက်သည့် ဆိုင်များကို ပထမ အကြိမ် သတိပေးခြင်းအဖြစ် (၇)ရက် ရောင်းချခွင့် ရပ်နားစေခြင်း ဖြစ်သည်။
 Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကျောက်မဲ စည်ပင်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~