တာချီလိတ်သို့ ဝင်လာသည့် ကုန်တင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၄)ဦးကို test kit ဖြင့် ပထမဆုံးအကြိမ် စစ်ဆေးရာ Covid-19 ပိုးမတွေ့

တာချီလိတ်သို့ ဝင်လာသည့် ကုန်တင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၄)ဦးကို test kit ဖြင့် ပထမဆုံးအကြိမ် စစ်ဆေးရာ Covid-19 ပိုးမတွေ့
အောက်တိုဘာ 8, 2020
By Tachileik News Agency
တာချီလိတ်သို့ ဝင်လာသည့် ကုန်တင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၄)ဦးကို test kit ဖြင့် ပထမဆုံးအကြိမ် စစ်ဆေးရာ Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ဝင်လာသည့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သူများအား facility quarantine ထားရှိနေသော်လည်း ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးအတွက် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့မှစ၍ COVID 19  test kit ဖြင့် စစ်ဆေး၍ ခွင့်ပြုပေးနေပြီဖြစ်သည်။
"သူတို့ဓာတ်ပုံတွေ၊ ကားလိုင်စင် ကားနံပါတ်တွေနဲ့ ကိုဗစ်ကင်းရှင်းကြောင်း ထုတ်ပေးမှာပါ။ ထောက်ခံစာသက်တမ်းကတော့ (၁၄) ရက် သတ်မှတ်ထားပါတယ်။ ဒီဟာက ရှမ်းပြည်နယ်အတွင်းသွားရင် (၁၄) ရက်သက်တမ်းရှိပြီးတော့ အခြားပြည်နယ်နဲ့ တိုင်းသွားပြီးပြန်လာရင်တော့ (၁၄) ရက်မပြည့်ပေမဲ့ ပြန်စစ်မှာပါ။"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်သို့ ဝင်လာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် အခြားမြို့နယ်များတွင် (၁၄)ရက်နေ့အတွင်း စစ်ဆေးလာသည့် COVID 19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်မပါဝင်ပါက တစ်ဦးလျှင် ကျပ်ငွေ နှစ်သောင်းဖြင့် စစ်ဆေးပြီး ကျန်းမာရေးထောက်ခံချက် ထုတ်ပေးမည်ဖြစ်သည်။
ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား test kit ဖြင့် စတင်စစ်ဆေးပေးနေသည့် အောက်တိုဘာလ (၈) ရက်နေ့ နေ့လယ်ပိုင်းတွင် ဝင်လာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၄) ဦးတို့အား စတင်စစ်ဆေးပေးရာ အားလုံးတွင် ပိုးမတွေ့ရကြောင်း အဖြေရထားသည်။
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်၏ ဓာတ်ပုံ၊ မော်တော်ယာဉ်၏ ယာဉ်လိုင်စင်နံပါတ်များ ပါဝင်မည့် COVID 19 စစ်ဆေးထားပြီး Negative အဖြေရထားကြောင်း ထောက်ခံစာကို ကျန်းမာရေးဦးစီးဌာနက ထုတ်ပေးမည်ဖြစ်ပြီး အဆိုပါ ထောက်ခံစာမှာ ပြည်နယ်တွင်း၌ (၁၄) ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ကာ ပြည်နယ်ပြင်ပထွက်ခွာသွားပါက (၁၄)ရက်မပြည့်မီ ပြန်ဝင်သော်လည်း ပြန်လည်စစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် COVID 19 ပြည်တွင်းကူးစက်မှုဖြစ်ပွားမှုမြင့်တက်နေ၍ ရောဂါဖြစ်ပွားမှုနှုန်းမြင့်သည့်
ဒေသမှ လာရောက်သူများကို (၁၄)ရက် facility quarantine ထားရှိနေသော်လည်း ကုန်စည်စီးဆင်းမှု မနှောင့်နှေးစေရေးအတွက် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အသိအမှတ်ပြု test kit များဖြင့် စစ်ဆေးပေးပြီး သွားလာခွင့်ပြုနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~