နိုင်ငံအတွင်း အောက်တိုဘာလ(၁၇)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁,၃၈၇)ဦး နှင့် သေဆုံးသူ (၃၉)ဦး ထပ်တိုး

နိုင်ငံအတွင်း အောက်တိုဘာလ(၁၇)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁,၃၈၇)ဦး နှင့် သေဆုံးသူ (၃၉)ဦး ထပ်တိုး
အောက်တိုဘာ 17, 2020
By Tachileik News Agency

နိုင်ငံအတွင်း အောက်တိုဘာလ(၁၇)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁,၃၈၇)ဦး နှင့် သေဆုံးသူ (၃၉)ဦး ထပ်တိုး

မြန်မာနိုင်ငံအတွင်း အောက်တိုဘာလ(၁၇)ရက်နေ့အတွက် Covid-19 ဓါတ်ခွဲနမူနာများအား စစ်ဆေးခြင်း၏ အဖြေအရ အတည်ပြုလူနာ (၁,၃၈၇)ဦးထပ်တိုးပြီး သေဆုံးသူမှာ (၃၉)ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ အောက်တိုဘာလ (၁၇)ရက်နေ့ ည(၈)နာရီအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၃၄,၈၇၅)ဦးရှိသည်အနက် အောက်တိုဘာလ(၁၇)ရက်နေ့တွင် (၈၉၃)ဦးသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်းမှာ(၁၆,၃၇၀)ဦး အထိရှိလာပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံအတွင်း၌ ဒေသအသီးသီးတွင် ကုသမှုခံယူနေသူ (၁၇,၆၆၇)ဦး ရှိနေသည်။

Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~