တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်စည်ကူးသန်းသွားလာမှုများနှင့် ပတ်သက်၍ ညှိနှိုင်း

တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်စည်ကူးသန်းသွားလာမှုများနှင့် ပတ်သက်၍ ညှိနှိုင်း
စက်တင်ဘာ 15, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်စည်ကူးသန်းသွားလာမှုများနှင့် ပတ်သက်၍ ညှိနှိုင်း
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်နဲ့ မယ်ဆိုင်အကြား တာချီလိတ်မြို့ကနေ ကုန်စည်ကူးသန်းသွားလာမှုတွေကို ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်က ကန့်သတ်ချက်တွေ လုပ်ဆောင်ဖို့ ပြောကြားလာတာတွေရှိနေတဲ့အတွက် နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့အညီ ဖြေရှင်းနေတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားမှုတွေ တိုးပွားလာနေတဲ့အတွက် ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံသားတွေဝင်ရောက်မှု ထိန်းချုပ်နိုင်ဖို့  ကန့်သတ်ချက်တွေ လုပ်ဆောင်ရန်အတွက် ၂၀၂၀ ခုနှစ် စက်တင်ဘာ (၁၄) ရက်နေ့က မြန်မာဘက်ကတာဝန်ရှိသူတွေနဲ့ ထိုင်းဘက်က တာဝန်ရှိသူတွေ မယ်ဆိုင်မြို့မှ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ 
  Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~