ကျောက်မဲတွင် MANA ဦးဆောင်၍ လူမှုကူညီရေးအသင်းများပူးပေါင်း၍ Mask Campaing ဆောင်ရွက်

ကျောက်မဲတွင် MANA ဦးဆောင်၍ လူမှုကူညီရေးအသင်းများပူးပေါင်း၍ Mask Campaing ဆောင်ရွက်
စက်တင်ဘာ 15, 2020
By 🌸
ကျောက်မဲတွင် MANA ဦးဆောင်၍ လူမှုကူညီရေးအသင်းများပူးပေါင်း၍ Mask Campaing ဆောင်ရွက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် MANA ဦးဆောင်ပြီး လူမှုကူညီရေးအသင်းအဖွဲ့များစုပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့၌ COVID 19 ကာကွယ်ရေးအတွက် အပြင်ထွက်တိုင်း Mask တပ်ရန် အသိပေးလှုံ့ဆော်မှုပြုလုပ်သည်။
“ကူးစက်မြန်ရောဂါကာကွယ်ရေးအတွက် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းက ကျောက်မဲမြို့ပေါ်မှာရှိတဲ့ လူမှုကူညီရေးအသင်းတွေ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ဆောင်ရွက်မှုအဖြစ် Mask အခုရေ (၁၀၀၀၀) ပါဝင်ပြီး Campaign ပြုလုပ်တာ ဖြစ်ပါတယ်။ အဓိက ကတော့ ကူးစက်ရောဂါကို ပြည်သူတွေ အနေနဲ့ မပေါ့မဆ ကာကွယ်ဖို့ အတွက် လှုံ့ဆော်ပေးတာပါ “ 
ဟု ကျောက်မဲရှိ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း၏ ဒေသမန်နေဂျာ ဒေါက်တာ သိန်းဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Mask Campaign လှုပ်ရှားမှုကို စက်တင်ဘာလ (၁၅) ရက်နေ့ နံနက် (၆) နာရီမှ နံနက် (၉) နာရီ အထိ ကျောက်မဲရှိ သီရိမင်္ဂလာဈေး၊ ပျံကျဈေး၊ အခွန်လွတ်ဈေး၊ ဗဟိုဈေးများတွင် လုပ်ဆောင်ခဲ့သည့်အပြင် လူစည်ကားရာဖြစ်သည့် ပင်လုံလမ်းနှင့် သီရိမင်္ဂလာလမ်းထောင့်တို့တွင် Mask ပေးဝေခြင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။
Mask Campaign လှုပ်ရှားမှုအတွက် MANA နှင့်အတူ အောင်မင်္ဂလာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအသင်း၊ နာရေးကူညီမှုအသင်း၊ နမ့်ခုံးရှမ်းများအသင်း၊ အဖြူရောင်နှလုံးသား လူမှုကူညီရေး၊ ရဌပါလအသင်း စသည့် အသင်းအဖွဲ့များလည်း ပူးပေါင်းပါဝင်ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့တို့ကလည်း အားဖြည့်ကူညီထားသည်။
Tachileik News Agency
သတင်း၊ဓါတ်ပုံ - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~