လာအိုနိုင်ငံဘက်က နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို Covid-19 စစ်ဆေးပြီးမှ ပြန်ခွင့်ပေး

လာအိုနိုင်ငံဘက်က နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို Covid-19 စစ်ဆေးပြီးမှ ပြန်ခွင့်ပေး
စက်တင်ဘာ 25, 2020
By Tachileik News Agency
လာအိုနိုင်ငံဘက်က နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို Covid-19 စစ်ဆေးပြီးမှ ပြန်ခွင့်ပေး
မြန်မာ - လာအိုနယ်စပ်ဒေသ လာအိုနိုင်ငံ တုန်ဖိန်းမြို့နယ် ရွေတြိဂံဒေသထဲက ရခိုင်ရွာလို့ခေါ်တဲ့ မြန်မာရွာမှာ နေထိုင်ကြပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားများကို စာရင်းများ ကောက်ယူပြီးတော့ အဲ့ဒီထဲက Covid-19 စစ်ဆေးပြီးတဲ့ မြန်မာနိုင်ငံသား (၅၄)ဦးကို မြန်မာဘက်က တာဝန်ရှိသူများဟာ လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းမှာ ၂၀၂၀ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့က သွားရောက် ကြိုဆို လက်ခံပေးခဲ့ကြပါတယ်။
တကယ်တော့ ဒီတစ်ခေါက်ပြန်လာဖို့ စာရင်းအရ  (၄၀၀)နီးပါးရှိပေမဲ့ လတ်တလောမှာတော့ (၅၄)ဦးပဲ ကိုဗစ်နိုင်တင်း စစ်ဆေးပြီးပြီးတာဖြစ်လို့ မြန်မာ - လာအို နှစ်ဖက် ညှိနှိုင်းကာ အရင်ပြန်ခွင့်ပေးလိုက်တာ ဖြစ်ပြီး သူတို့ကို တာချီလိတ်မြို့မှာ ရှိတဲ့ ဝမ်ပုံဆိပ်ကမ်းမှာ အချက်အလက် စစ်ဆေးတာတွေ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပြီး အသင့်စီစဉ်ပေးထားတဲ့ ကားများနဲ့‌ နေရပ်အရောက် တခါတည်း ပြန်နိုင်ဖို့ တာချီလိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီက စီစဉ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၂၄)ရက်နေ့က လာအိုနိုင်ငံက ပြန်လာသူ မြန်မာနိုင်ငံသား (၁၈၆)ဦးထဲက အမျိုးသားတစ်ဦးဟာ ရန်ကုန်တိုင်းဒေသကြီးကို ရောက်တဲ့အခါမှာ Covid-19 စစ်ဆေးတွေ့ရှိတာဖြစ်လို့ လာအိုနိုင်ငံက တာဝန်ရှိသူများဟာ သူတို့နိုင်ငံကနေ ပြန်သွားပြီးမှ Covid-19 တွေ့ရှိတာမျိုး မဖြစ်အောင် ဓါတ်ခွဲစစ်ဆေးပြီးမှ ပြန်လွှတ်ဖို့ စီစဉ်နေကြတာပဲ ဖြစ်ပါတယ်။
 
COVID 19 ထိန်းချုပ်ရေးအတွက် မြန်မာ - လာအိုနယ်စပ်ကို ပိတ်ထားပြီးနောက် လာအိုနိုင်ငံဘက်က ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသား(၁၃၁)ဦးကို ၂၀၂၀ ခုနှစ်၊ မေလ (၈)ရက်နေ့က နှစ်နိုင်ငံ ညှိနှိုင်းပြီး ပြန်ခွင့်ပြုခဲ့တာဖြစ်သလို အခု (၅၄)ဦးဟာလည်း တတိယအကြိမ်မြောက် နေရပ်ပြန်တဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~