တာချီလိတ်မြို့နယ်အတွင်း ပါဝုန်းကျေးရွာတွင် မူးယစ်ဆေးဝါး (၂) သိန်းနီးပါး ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်အတွင်း ပါဝုန်းကျေးရွာတွင် မူးယစ်ဆေးဝါး (၂) သိန်းနီးပါး ဖမ်းဆီးရမိ
စက်တင်ဘာ 15, 2020
By Tachileik News Agency

 

တာချီလိတ်မြို့နယ်အတွင်း ပါဝုန်းကျေးရွာတွင် မူးယစ်ဆေးဝါး (၂) သိန်းနီးပါး ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းကျေးရွာတွင် မူးယစ်ဆေးဝါး (၂) သိန်းနီးပါးကို ၂၀၂၀ ခုနှစ် စက်တင်ဘာ (၁၄) ရက်နေ့ ညနေ (၅) နာရီခွဲဝန်းကျင်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည်  မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းရွာရှိ အိုက်ဖက်၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က နေအိမ်းအတွင် ဝင်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းမှ အဖြူရောင်ဆာလာအိတ်အတွင်း ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၉၅,၂၀၀) ပြားတို့ကို တွေ့ရှိသိမ်းဆည်းရပြီး MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ် (၁) စီး နှင့် Hilus Vigo အမျိုးအစား အနက်ရောင်မော်တော်ယာဉ် (၁) စီးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသည့် အိုက်ဖက်နှင့် အိုက်နန်ဟုန်တို့ကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~