ကျောက်မဲမြို့အဝင်တွင် ညပိုင်းစစ်ဆေးရာမှ စိတ်ကြွဆေးပြား (၂၀၀၀) သယ်လာသည့် လူငယ်တစ်ဦးကို ဖမ်းမိ

ကျောက်မဲမြို့အဝင်တွင် ညပိုင်းစစ်ဆေးရာမှ စိတ်ကြွဆေးပြား (၂၀၀၀) သယ်လာသည့် လူငယ်တစ်ဦးကို ဖမ်းမိ
စက်တင်ဘာ 23, 2020
By Tachileik News Agency


ကျောက်မဲမြို့အဝင်တွင် ညပိုင်းစစ်ဆေးရာမှ စိတ်ကြွဆေးပြား (၂၀၀၀) သယ်လာသည့် လူငယ်တစ်ဦးကို ဖမ်းမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့အဝင်ဂိတ်တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့ ညပိုင်းက ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀) ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။
ကျောက်မဲမြို့အဝင်တွင် ခမရ(၅၀၂)မှ တပ်ဖွဲ့များ၊ အမှတ်( ၂၄ )မူးယစ်အထူးတပ်ဖွဲ့နှင့် စရတ(ကျောက်မဲ)မှ အထူးတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေစဉ် သီပေါမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးအား စစ်ဆေးရာ ခါးပတ်အိတ်အတွင်း ထည့်လာသည့် စိတ်ကြွဆေးပြားများကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများတွေ့ရသည့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၂၄)နှစ်အရွယ် ဟန်ထွန်းဇော်အား ဖမ်းဆီးလိုက်ပြီး ၎င်းစီးနင်းလာသည့် PINBO CZI-125 CC အမျိုးအစား ဆိုင်ကယ်အား သိမ်းဆည်းထားကြောင်း သိရသည်။
မူးယစ်ဆေးဝါးများသယ်လာသည့် ဟန်ထွန်းဇော်အား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ) ၄၆/ ၂၀၂၀၊ မူး/စိတ် ပုဒ်မ ၁၉ ( က ) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~